16GB RAM , 1TB Storage , 64MP Camera ပါလာနိုင်တဲ့ Xiaomi Mi Mix 4

Xiaomi Mi Mix 4 ရဲ့ ဓါတ်ပုံနဲ့ Specs များ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ Specs တွေဟာ အရမ်းကို မြင့်နေတဲ့အတွက် ဒီသတင်းအချက်အလက်များဟာ ရာနှုန်းပြည့် မှန်တယ်လို့ မထင်မိပါဘူး။ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ Xiaomi Mi Mix 4 မှာ 2K Resolution AMOLED Screen ထည့်သွင်းထားပြီး 120Hz Refresh Rate ဖြစ်ပါတယ်။

Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 855 Chipset မောင်းနှင်ထားပါတယ်။ 16GB RAM , 1TB Storage တောင်ပါမယ်လို့ ဖော်ပြထားပါတယ်။ အနောက်ကင်မရာရဲ့ Megapixel ကလည်း 64 တောင်ရှိပါတယ်။ Internal Memory ကို UFS 3.1 လို့ ရည်ညွှန်းထားပေမယ့် အဲဒီစံနှုန်းဟာ လက်ရှိမှာ မထွက်လာသေးပါဘူး။

ရှောင်မီ လက်ရှိ ဖန်တီးနေတဲ့ 100W Fast Charge ပါမယ့် 4500mAh Battery ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်နှောင်းပိုင်းကျမှသာ အဲဒီ လျှင်မြန်စွာ အားသွင်း နည်းပညာကို အောင်မြင်စွာ ဖန်တီးနိုင်မယ်လို့ ထင်ရပါတယ်။ Xiaomi Mi Mix 4 ကို ထုံးစံအတိုင်းဆိုရင် ဒီလောက်နောက်ကျပြီးမှ ကြေညာလေ့ မရှိပါဘူး။ အဲဒီအတွက် အခုထွက်လာတဲ့ သတင်းအချက်အလက်များထဲမှ အချို့သာ မှန်ကန်နိုင်ပါတယ်။

သူ့မှာ IP68 စံနှုန်း ရှိမယ်လို့လည်း ဖော်ပြထားပါတယ်။ လာမယ့်လအနည်းငယ်အတွင်းမှာ သူ့ရဲ့ ပိုမိုတိကျတဲ့ သတင်းအချက်အလက်များကို သိလာရမှာ ဖြစ်ပါတယ်။

Ref : gizchina

16GB RAM , 1TB Storage , 64MP Camera ပါလာနိုင်တဲ့ Xiaomi Mi Mix 4

%d bloggers like this: