0 Shares 43 Views
May 17, 2019
0 43
Ref : theverge
[Unicode]
Autopilot ကြောင့် ထရပ်ကားကို Tesla Model 3 က ဝင်တိုက်မိဟု ဆို
ဖလော်ရီဒါမှ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးဟာ Tesla Model 3 မောင်းရင်း မေလ ၁ ရက်နေ့မှာ ထရပ်ကားကို ဝင်တိုက်စဉ်မှာ Autopilot ကို သုံးထားတယ်လို့ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းလုံခြုံရေး ဘုတ် (NTSB) က ပြောပါတယ်။ စုံစမ်းစစ်ဆေးသူများက ကားမှ ဒေတာများနဲ့ ဗီဒီယိုများကို စစ်ဆေးကြည့်ရှုခဲ့ပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ယာဉ်မောင်း Jeremy Beren Banner ဟာ ယာဉ်တိုက်မှုမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါဟာ Tesla ရဲ့ Autopilot ကြောင့် ဖြစ်တဲ့ လေးကြိမ်မြောက် ယာဉ်မတော်တဆမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် မတ်လမှာ ဆော့ဖ်ဝဲ အင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့ Wei Walter Huang ဟာ Model X ကို မောင်းနှင်စဉ်မှာ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ် မေလတုန်းကလည်း Model S ကားကို Autopilot Mode နဲ့မောင်းနေတုန်း လမ်းဘေးမှာရပ်ထားတဲ့ ရဲကားကို ဝင်တိုက်မိတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ပါကင်ထိုးထားတာဆိုတော့ အထဲမှာ ရဲလည်းရိုှမနေခဲ့ပါဘူး။ မောင်းတဲ့သူကတော့ ဒဏ်ရာလေးအနည်းငယ်ပဲရသွားခဲ့တာပါ။ ဒါဆို တိုက်ခါနီးအချိန်မှာ ဒရိုင်ဘာကမသိခဲ့ဘူးလား ဘာလုပ်နေခဲ့လို့လဲဆိုတာတွေထက် Tesla က ဒီ Autopilot Mode အကြောင်းကို ကားမောင်းသူတွေဆီ ကောင်းကောင်းမပြောပြထားဘူးလားဆိုတဲ့ မေးခွန်းကအရင်စရမှာပါ။
Tesla ကတော့ ကားမောင်းတဲ့သူတွေအနေနဲ့ Autopilot Mode ကိုသုံးပြီဆိုရင် လက်တွေကို စတီယာရင်ပေါ်တင်ပြီး ဆက်ထိန်းနေရမှာဖြစ်ပြီး သူ့ရဲ့နည်းပညာက မတော်တဆဖြစ်ရလောက်တဲ့အထိမဖြစ်နိုင်ဘူးလို့ ဆိုထားပါတယ်။ ပြောရရင် စတီယာရင်ကနေ ၁မိနစ်လောက်လက်လွှတ်လိုက်ရင်ကို Autopilot Mode ပြုတ်သွားပါပြီ။ ဒါ့ပြင် မတော်တဆဖြစ်ခါနီးအခြေအနေရောက်တော့မယ်ဆိုရင်လည်း ဒရိုင်ဘာကို သတိပေးချက်တွေ ဆက်တိုက်ပြပေးပါသေးတယ်။
Ref : theverge
You may be interested
Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်
Android, Huawei, HUBS
0 shares0 views
Huawei က သူ့ရဲ့ ကိုယ်ပိုင် OS ကို ဆောင်းရာသီ မတိုင်ခင် ဖြန့်ချီပေးနိုင်
Ko Thuya - May 22, 2019
Huawei ရဲ့ စီးပွားရေး လုပ်ငန်းစုမှ စီအီးအို ဖြစ်သူ Richard Yu က ကုမ္ပဏီရဲ့ ကိုယ်ပိုင် Mobile OS ကို ဆောင်းရာသီ မတိုင်ခင်မှာ ဖြန့်ချီပေးမယ်လို့ ပြောကြောင်း သတင်းထွက်လာပါတယ်။ ဟွာဝေးကတော့ OS ကို ဖြန့်ချီမယ့်…
48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ
Android, Huawei, HUBS
0 shares23 views
48MP နဲ့အတူ အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 Pro ကို ကြေညာ
Ko Thuya - May 22, 2019
Honor က အလန်းစား ကင်မရာများ ပါတဲ့ Honor 20 Pro ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ 48MP Main Camera ဟာ လက်ရှိဖုန်းတွေထဲမှာ အမြန်ဆုံး Aperture ကို ပိုင်ဆိုင်ထားပါတယ်။ OIS နဲ့ EIS…
အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ
Android, Huawei, HUBS
0 shares25 views
အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 ကို ကြေညာ
Ko Thuya - May 22, 2019
Huawei က Mobile Photography ကို ထူးခြားဆန်းသစ်အောင်ပြုလုပ်နေပါတယ်။ အခုတော့ သူ့ရဲ့ ဘရန်းခွဲ Honor ကလည်း ဒီလမ်းစဉ်ကိုလိုက်လာပါတယ်။ ကုမ္ပဏီက အနောက်ကင်မရာ လေးလုံးပါတဲ့ Honor 20 နဲ့ Honor 20 Pro တို့ကို ကြေညာလိုက်ပါတယ်။…
Leave a Comment
Most from this category