0 Shares 461 Views


May 17, 2019
0 461




Ref : androidauthority

[Unicode]

ဂျပန်မှာ ဖုန်းနံပါတ် ကုန်တော့မည်

5G ကွန်ရက်ကြောင့် အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကိရိယာပေါင်း ဘီလီယမ်နဲ့ချီပြီး များပြားလာမှာ ဖြစ်ပါတယ်။ ဂျပန်က အဲဒီလိုအပ်ချက်အတွက် နံပါတ် ၁၄ လုံးပါတဲ့ ဖုန်း နံပါတ် အသစ် ၁၀ ဘီလီယမ်ကို ပြုလုပ်ပေးဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ ဂျပန်ဟာ နံပါတ် ၁၁ လုံးပါတဲ့ ဖုန်းနံပါတ်များကို အသုံးပြုနေပြီး ၂၀၂၂ ခုနှစ်လောက်မှာ အဲဒီ ဖုန်းနံပါတ်များ ကုန်သွားမယ်လို့ တွက်ချက်ထားပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်ခင်မှာ ဖုန်းနံပါတ် အသစ်များကို စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဖုန်းနံပါတ် ၁၄ ဘီလီယမ်ဟာ အရမ်းများတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ဂျပန်မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလကတည်းက ထိပ်စီး ၀၂၀ နဲ့စပြီး နံပါတ် ၁၁ လုံးပါ နံပါတ်များကို Internet of Things Devices များကပါ အသုံးပြုနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အကြာက ၀၂၀ နဲ့စတဲ့ ၁၁ လုံးပါ နံပါတ် ၃၂.၆ သန်းကို Carrier များက အသုံးပြုခဲ့ကြပြီးပါပြီ။

Japan Times ရဲ့ အဆိုအရ နံပါတ် ၁၄ လုံးပါ ဖုန်း နံပါတ်များ အသုံးပြုမယ့် စီမံကိန်းကို KDDI, NTT Docomo, SoftBank တို့က သဘောတူညီပြီးပြီလို့ ပြောပါတယ်။ ဂျပန်မှာ ၂၀၂၀ ခုနှစ်မှာ 5G ကွန်ရက်ကို စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပြီး Device အသစ်များစွာ ပေါ်ထွက်လာမှာ ဖြစ်တဲ့ အတွက် နံပါတ် အသစ်များ လိုအပ်လာပါတယ်။ ၁၄ လုံးပါ နံပါတ်များဟာ မှတ်သားရ ခက်လာမယ့် ပြဿနာတော့ ရှိပါတယ်။

Ref : androidauthority

You may be interested

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares0 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares44 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ
Android, Google, HUBS
0 shares15 views

Pixel 4 ရဲ့ Screen ဓါတ်ပုံ ထွက်ပေါ်လာ

Ko Thuya - Jul 21, 2019

Google Pixel 4 ရဲ့ ဓါတ်ပုံများ အွန်လိုင်းမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ ဘောင်ဟာ ကြီးမားတာကို မြင်ရပါတယ်။ Ice Universe က အဲဒီ ဓါတ်ပုံများကို မျှဝေလိုက်တာပါ။ S10 Plus , OnePlus 7…

Leave a Comment

Most from this category