Notch မှာ ဘက်ထရီ ပမာဏကို ပြသပေးမယ့် Battery Notch

သင့် အန်းဒရွိုက် ဖုန်းရဲ့ Notch ကို ဒီဇိုင်း အလန်းစား ဖြစ်ချင်ရင်တော့ Battery Notch ကို အသုံးပြုပါ။ သူက Notch မှာ Battery Indicator ကို ပြသပေးပါတယ်။ သာမာန်အားဖြင့်တော့ ဘက်ထရီ အခြေအနေကို Status Bar မှာ ပြသပေးတာ ဖြစ်ပါတယ်။ Notch မှာ ဘက်ထရီ အခြေအနေကို မီးအလင်းရောင်နဲ့ ပြသပေးတာက အမြင်ဆန်းပါတယ်။

သူ့ကို XDA ရဲ့ အကြီးတန်း Developer တစ်ဦး ဖြစ်သူ Croccio က ဖန်တီးထားတာ ဖြစ်ပါတယ်။ Notch ပတ်လည်မှ ဘက်ထရီ အခြေအနေပြ မီးအလင်းတန်းကိုလည်း သင် နှစ်သက်သလို ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။ သူ့ရဲ့ အမြင့်နဲ့ အကျယ်များကိုလည်း ချိန်ညှိနိုင်ပါတယ်။ Status Bar မှ ဘက်ထရီ အခြေအနေပြ သင်္ကေတကိုလည်း Battery Notch က ဖျောက်ပေးနိုင်ပါတယ်။

Download
Ref : guidingtech

Notch မှာ ဘက်ထရီ ပမာဏကို ပြသပေးမယ့် Battery Notch

%d bloggers like this: