DJI က 4K Action Camera ကို ကြေညာ

DJI က GoPro Hero 7 Black ကို ယှဉ်ပြိုင်မယ့် သူ့ရဲ့ ပထမဆုံး 4K Action Camera ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အမည်က Osmo Action ဖြစ်ပြီး ၃၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ သူ့မှာ လုပ်ဆောင်ချက်များစွာ ပါပါတယ်။ Display ၂ ခုလည်း ထည့်သွင်းထားပါတယ်။

သူ့ရဲ့ အနောက်ဘက်မှာ Color Display နဲ့ အရှေ့ဘက်မှာ အဖြူ၊ အမည်း Display တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ ၁.၄ လက်မ Full Color Display ထည့်သွင်းထားပြီး ကိုယ်တိုင်ရိုက် ဗီဒီယိုများ ဖမ်းယူနိုင်ပါတယ်။ အနောက်ဘက်မှာ ၂.၂၅ လက်မ ထိတွေ့မျက်နှာပြင် ထည့်သွင်းထားပါတယ်။

Osmo Action မှာ 1/2.3 12MP CMOS Camera ထည့်သွင်းထားပြီး 60fps ဖြင့် 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ 30fps ဖြင့် HDR ကို ဖမ်းယူပေးနိုင်ပါတယ်။ 1080p or 720p Resolutions ဖြင့် 240fps Slow Motion Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ သူ့မှာ DJI ရဲ့ RockSteady Electronic Image Stabilization ပါပါတယ်။ သူက 4K60 Resolution ကို ထုတ်လုပ်ပေးပါတယ်။

ကင်မရာကို ရေစိုခံ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး GoPro Mount မှာ တပ်ဆင်နိုင်ပါတယ်။ WiFi , Bluetooth များ ပါပြီး DJI ရဲ့ Mobile App ကနေ ထိန်းချုပ်နိုင်ပါတယ်။ မေလ ၂၂ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

DJI က 4K Action Camera ကို ကြေညာ

%d bloggers like this: