Motorola က 48MP Camera ပါတဲ့ One Vision ကို ကြေညာ

Motorola က One Vision အမည်ရ စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူဟာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း ဖြစ်ပြီး Android One Phone ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ 21:9 ဖြစ်တဲ့အတွက် ရှည်လျားတဲ့ ပုံစံ ဖြစ်ပါတယ်။ Punch Hole Camera ပါပါတယ်။ သူ့မှာ ၆.၃ လက်မ FHD+ Display တပ်ဆင်ထားပါတယ်။ Punch Hole Camera က 25MP ဖြစ်ပါတယ်။

အနောက်ဘက်မှာ 48MP Camera နဲ့ 5MP Depth Camera များ ထည့်သွင်းထားပါတယ်။ ကင်မရာများမှာ AI Features များ ပါပါတယ်။ Night Vision Mode က အလင်းရောင်နည်းပါးချိန်များမှာ ဓါတ်ပုံကောင်းများ ရိုက်ကူးပေးနိုင်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

သူ့မှာ Samsung ရဲ့ Exynos 9609 Chipset မောင်းနှင်ထားပါတယ်။ Chipset မှာ စွမ်းရည်မြင့် Cortex-A73 Core ၄ လုံးနဲ့ စွမ်းအင် စားသုံးမှု သက်သာတဲ့ Cortex-A55 Core ၄ လုံး ပါပါတယ်။ 4GB RAM ထည့်သွင်းထားပါတယ်။ Stock Android Pie ထည့်သွင်းထားပါတယ်။ 128GB Storage ထည့်သွင်းထားပါတယ်။

3500mAh Battery ထည့်သွင်းထားပြီး 15W Fast Charging ပါပါတယ်။ Blue နဲ့ Bronze အရောင်များ ထုတ်လုပ်ထားပြီး ၃၃၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

Motorola က 48MP Camera ပါတဲ့ One Vision ကို ကြေညာ

%d bloggers like this: