2 Shares 57 Views

Xiaomi မှ၎င်းတို့၏နောက်ဆုံးမျိုးဆက်သစ်စမတ်ဖုန်း Redmi 3 အားကြေညာ

xiaomi redmi 3

တရုတ်နည်းပညာကုမ္ပဏီ Xiaomi ကသူတို့ အင်္ဂါနေ့မှာထုတ်ပြန်ကြေညာမယ်လို့သတင်းလွှင့်ခဲ့တဲ့ Redmi 3 ကိုထုတ်ပြန်လိုက်ပါပြီ။ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ၆၉၉ (ကျပ် ၁၃၈၀၀၀ ခန့်)ရှိပါတယ်။ Redmi3 ကိုသူတို့ ရဲ့ ကုမ္ပဏီမှာ မှာယူနိုင်ပြီဖြစ်ပြီးအသေးစိတ်ကိုတော့ မကြာခင် ကြေညာမယ်လို့သိရပါတယ်။

ဈေးနှုန်းအရဆိုရင်တော့ Redmi 3 ဟာ Meizu m2 note နဲ့ Lenovo Vibe K4 Note တို့လိုပဲ တန်ဖိုးနည်းပေါ်ပြူလာဟန်းဆက်တစ်မျိုးဖြစ်လာဖို့ရှိပါတယ်။ ကုမ္ပဏီက ထုတ်ပြန်ခဲ့တဲ့ ပုံတွေအရ Redmi 3 ဟာ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။

အချက်အလက်တွေအရ Xiaomi Redmi3 မှာ ၅လက်မ HD (720×1280 Pixels) Display နဲ့ Octa-Core Qualcomm Snapdragon 616 Processor တို့ပါဝင်မှာဖြစ်ပါတယ်။ RAM 2GB, Adreno 405 GPU နဲ့ Inbuilt Storage Memory 16GB တို့လည်းပါဝင်ပြီး Micro SD Card ကို 128GB အထိစိုက်နိုင်မှာဖြစ်ပါတယ်။ Redmi 3 ရဲ့ကြီးမားတဲ့ ညွှန်းဆိုစရာတစ်ခုကတော့ ဖယ်ထုတ်လို့မရတဲ့ 4100mAh ဘက်ထရီဖြစ်ပါတယ်။

xiaomi redmi 3 (1)

ကျောဘက်ကင်မရာမှာတော့ LED flash နဲ့ 13 Megapixel Rare Camera ကိုတပ်ဆင်ထားပြီး f/2.0 Aperture, PDAF autofocus နဲ့ 1080p Full-HD Video တွေကိုရိုက်ကူးနိုင်မှာပါ။ အရှေ့ဘက်ကင်မရာကတော့ 5 Megapixels ကိုထောက်ပံ့ပေးထားပါတယ်။ Dual-SIM အသုံးပြုလို့ရမှာဖြစ်ပြီး hybrid SIM slot လို့ခေါ်တဲ့ Sim Card ကို အံနဲ့ထည့်ရမယ့် စနစ်ကိုတည်ဆောက်ထားပါတယ်။

ဆက်သွယ်မှုစနစ်ကိုထောက်ပံ့ပေးထားတာကတော့ 4G LTE connectivity ကိုရနိုင်မှာဖြစ်ပြီး တခြား Option တွေအနေနဲ့ Bluetooth, GPS, A-GPS, Glonass, GPRS/EDGE, Micro-USB, Wi-Fi 802.11 b/g/n တို့ရရှိနိုင်မှာပါ။ ဖုန်းရဲ့အတိုင်းအတာကတော့ 139.3×69.6×8.5 မီလီမီတာ ရှိပြီး အလေးချိန် 144 ဂရမ်ရှိမှာပါ။ အရောင်အနေနဲ့ ရွှေ၊ မီးခိုး နဲ့ ငွေရောင်တွေ ကိုရရှိနိုင်မှာဖြစ်ပါတယ်။

Ref: Gadgets360

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category