0 Shares 2394 Views

သင့္ဖုန္း ျမန္ခ်င္ရင္ ေဟာဒီ App ေတြကို အျမန္ဆံုး ျဖဳတ္လိုက္ပါ

May 15, 2019
0 2394

သင့္ဖုန္းဟာ Specs ေတြ လန္ထြက္ေနလို႔ အေကာင္းဆံုး စြမ္းရည္ကို ပိုင္ဆိုင္ထားတယ္လို႔ ထင္ရင္ အမွားႀကီးမွားပါၿပီ။ အေကာင္းဆံုးဆိုတဲ့ ဖုန္းမ်ားမွာေတာင္ App အခ်ိဳ႕ေၾကာင့္ ဖုန္း ေလးလံျခင္း၊ ဘက္ထရီ အကုန္ျမန္ျခင္းမ်ား ျဖစ္ၾကပါတယ္။ နာမည္ေက်ာ္ Anti-Virus Software မ်ားကို ဖန္တီးေနတဲ့ Avast က ဖုန္းမ်ားကို ဒုကၡအေပးဆံုး App မ်ားကို ရွာေဖြေဖာ္ထုတ္ေပးလိုက္ပါတယ္။ အဲဒီ App မ်ားကို သင္ မသံုးဘူးဆိုရင္ Uninstall or Disable ျပဳလုပ္ႏုိင္ပါတယ္။ ဒါမွမဟုတ္ ေပါ့ပါးသြက္လက္ၿပီး မိုဘိုင္းေဒတာ စားသံုးမႈ သက္သာတဲ့ Lite Version မ်ားကို ေျပာင္းသံုးပါ။

သင့္ဖုန္းကို ေလးလံေစတဲ့ App မ်ား

သင့္ရဲ႕ ဖုန္း၊ တက္ဘလက္မ်ားဟာ ေလးလံလာရင္ ျပႆနာဟာ အခ်ိဳ႕ App မ်ားေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဖုန္းမ်ားကို ေလးလံေစတဲ့ အဆိုးရြားဆံုး App မ်ားကို ေအာက္မွာေလ့လာပါ။

စာရင္းမွာ Google နဲ႔ Samsung တို႔မွ App မ်ား အမ်ားစုပါေနတာကို ျမင္ရမွာပါ။ အဲဒီ App မ်ားဟာ မ်ားေသာအားျဖင့္ ႀကိဳတင္ထည့္သြင္းထားၾကတာပါ။ အလိုအေလွ်ာက္ Run တဲ့ App မ်ားနဲ႔ သင္ဖြင့္မွ Run တဲ့ App မ်ားကို ခြဲျခားျပသထားပါတယ္။

ဘက္ထရီ အစားဆံုး App မ်ား

အခ်ိဳ႕ App မ်ားဟာ ဖုန္းရဲ႕စြမ္းအင္ကို အလြန္အကြ်ံ စားသံုးေနပါတယ္။ ဘက္ထရီ သက္တမ္းဟာ ဖုန္းရဲ႕ အဓိကက်တဲ့ အရာ တစ္ခု ျဖစ္ပါတယ္။ ဘက္ထရီ သက္တမ္းၾကာရွည္တာကို ႏွစ္သက္သူမ်ားဟာ ေအာက္ပါ App မ်ားကို ဖယ္ရွားျခင္း သို႔မဟုတ္ Lite Version မ်ားကို ေျပာင္းသံုးျခင္းမ်ား ျပဳလုပ္သင့္ပါတယ္။

ဒီစာရင္းမွာေတာ့ ဆမ္ေဆာင္း၊ ေဖ့စ္ဘြတ္ အပါအ၀င္ နည္းပညာ နယ္ပယ္မွ နာမည္ေက်ာ္မ်ားကို ျမင္ရမွာပါ။ နာမည္ေက်ာ္ လူမႈကြန္ရက္နဲ႔ မက္ဆင္ဂ်ာ ၀န္ေဆာင္မႈမ်ား ျဖစ္တဲ့ Facebook , WhatsApp , Snapchat, LINE, WeChat တို႔ ပါ၀င္ေနပါတယ္။ အြန္လိုင္း ရုပ္ရွင္ ၀န္ေဆာင္မႈ Netflix နဲ႔ နာမည္ေက်ာ္ App တစ္ခုျဖစ္တဲ့ Clean Master လည္း ပါေနပါတယ္။

မိုဘုိင္း ေဒတာ အစားဆံုး App မ်ား

မိုဘိုင္း ေဒတာျဖင့္သာ အင္တာနက္ သံုးေနတဲ့ လူမ်ားအတြက္ေတာ့ မိုဘိုင္း ေဒတာကို ေနာက္ကြယ္မွာ အလြန္အကြ်ံ စားသံုးေနတဲ့ App မ်ားကို သတိထားသင့္ပါတယ္။

ဒီစာရင္းမွာ နာမည္ေက်ာ္ အြန္းလိုင္း ရုပ္ရွင္ ၀န္ေဆာင္မႈ Netflix က နံပါတ္ ၁ ေနရာေရာက္ေနတာ မဆန္းပါဘူး။ လူသံုးမ်ားတဲ့ Facebook ဟာလည္း ထိပ္ပိုင္းမွာ ရွိေနပါတယ္။ Facebook ကို မသံုးဘဲ မေနႏုိင္ရင္ေတာ့ ေဒတာစားသံုးမႈ နည္းပါးတဲ့ Facebook Lite ကို ေျပာင္းသံုးပါ။

Ref : androidpit

[Unicode]

သင့်ဖုန်း မြန်ချင်ရင် ဟောဒီ App တွေကို အမြန်ဆုံး ဖြုတ်လိုက်ပါ

သင့်ဖုန်းဟာ Specs တွေ လန်ထွက်နေလို့ အကောင်းဆုံး စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ ထင်ရင် အမှားကြီးမှားပါပြီ။ အကောင်းဆုံးဆိုတဲ့ ဖုန်းများမှာတောင် App အချို့ကြောင့် ဖုန်း လေးလံခြင်း၊ ဘက်ထရီ အကုန်မြန်ခြင်းများ ဖြစ်ကြပါတယ်။ နာမည်ကျော် Anti-Virus Software များကို ဖန်တီးနေတဲ့ Avast က ဖုန်းများကို ဒုက္ခအပေးဆုံး App များကို ရှာဖွေဖော်ထုတ်ပေးလိုက်ပါတယ်။ အဲဒီ App များကို သင် မသုံးဘူးဆိုရင် Uninstall or Disable ပြုလုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ပေါ့ပါးသွက်လက်ပြီး မိုဘိုင်းဒေတာ စားသုံးမှု သက်သာတဲ့ Lite Version များကို ပြောင်းသုံးပါ။

သင့်ဖုန်းကို လေးလံစေတဲ့ App များ

သင့်ရဲ့ ဖုန်း၊ တက်ဘလက်များဟာ လေးလံလာရင် ပြဿနာဟာ အချို့ App များကြောင့် ဖြစ်နိုင်ပါတယ်။ ဖုန်းများကို လေးလံစေတဲ့ အဆိုးရွားဆုံး App များကို အောက်မှာလေ့လာပါ။

စာရင်းမှာ Google နဲ့ Samsung တို့မှ App များ အများစုပါနေတာကို မြင်ရမှာပါ။ အဲဒီ App များဟာ များသောအားဖြင့် ကြိုတင်ထည့်သွင်းထားကြတာပါ။ အလိုအလျှောက် Run တဲ့ App များနဲ့ သင်ဖွင့်မှ Run တဲ့ App များကို ခွဲခြားပြသထားပါတယ်။

ဘက်ထရီ အစားဆုံး App များ

အချို့ App များဟာ ဖုန်းရဲ့စွမ်းအင်ကို အလွန်အကျွံ စားသုံးနေပါတယ်။ ဘက်ထရီ သက်တမ်းဟာ ဖုန်းရဲ့ အဓိကကျတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းကြာရှည်တာကို နှစ်သက်သူများဟာ အောက်ပါ App များကို ဖယ်ရှားခြင်း သို့မဟုတ် Lite Version များကို ပြောင်းသုံးခြင်းများ ပြုလုပ်သင့်ပါတယ်။

ဒီစာရင်းမှာတော့ ဆမ်ဆောင်း၊ ဖေ့စ်ဘွတ် အပါအဝင် နည်းပညာ နယ်ပယ်မှ နာမည်ကျော်များကို မြင်ရမှာပါ။ နာမည်ကျော် လူမှုကွန်ရက်နဲ့ မက်ဆင်ဂျာ ဝန်ဆောင်မှုများ ဖြစ်တဲ့ Facebook , WhatsApp , Snapchat, LINE, WeChat တို့ ပါဝင်နေပါတယ်။ အွန်လိုင်း ရုပ်ရှင် ဝန်ဆောင်မှု Netflix နဲ့ နာမည်ကျော် App တစ်ခုဖြစ်တဲ့ Clean Master လည်း ပါနေပါတယ်။

မိုဘိုင်း ဒေတာ အစားဆုံး App များ

မိုဘိုင်း ဒေတာဖြင့်သာ အင်တာနက် သုံးနေတဲ့ လူများအတွက်တော့ မိုဘိုင်း ဒေတာကို နောက်ကွယ်မှာ အလွန်အကျွံ စားသုံးနေတဲ့ App များကို သတိထားသင့်ပါတယ်။

ဒီစာရင်းမှာ နာမည်ကျော် အွန်းလိုင်း ရုပ်ရှင် ဝန်ဆောင်မှု Netflix က နံပါတ် ၁ နေရာရောက်နေတာ မဆန်းပါဘူး။ လူသုံးများတဲ့ Facebook ဟာလည်း ထိပ်ပိုင်းမှာ ရှိနေပါတယ်။ Facebook ကို မသုံးဘဲ မနေနိုင်ရင်တော့ ဒေတာစားသုံးမှု နည်းပါးတဲ့ Facebook Lite ကို ပြောင်းသုံးပါ။

Ref : androidpit

You may be interested

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္
Android, Huawei, HUBS
0 shares0 views

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္

Ko Thuya - May 22, 2019

Huawei ရဲ႕ စီးပြားေရး လုပ္ငန္းစုမွ စီအီးအို ျဖစ္သူ Richard Yu က ကုမၸဏီရဲ႕ ကိုယ္ပိုင္ Mobile OS ကို ေဆာင္းရာသီ မတိုင္ခင္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေျပာေၾကာင္း သတင္းထြက္လာပါတယ္။ ဟြာေ၀းကေတာ့ OS ကို ျဖန္႔ခ်ီမယ့္…

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ
Android, Huawei, HUBS
0 shares23 views

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ

Ko Thuya - May 22, 2019

Honor က အလန္းစား ကင္မရာမ်ား ပါတဲ့ Honor 20 Pro ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ 48MP Main Camera ဟာ လက္ရွိဖုန္းေတြထဲမွာ အျမန္ဆံုး Aperture ကို ပိုင္ဆိုင္ထားပါတယ္။ OIS နဲ႔ EIS…

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ
Android, Huawei, HUBS
0 shares25 views

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးျခားဆန္းသစ္ေအာင္ျပဳလုပ္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ဘရန္းခြဲ Honor ကလည္း ဒီလမ္းစဥ္ကိုလိုက္လာပါတယ္။ ကုမၸဏီက အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 နဲ႔ Honor 20 Pro တို႔ကို ေၾကညာလိုက္ပါတယ္။…

Leave a Comment

Most from this category