0 Shares 906 Views


May 15, 2019
0 906

OnePlus က OnePlus 7 နဲ့ 7 Pro တို့ကို မိတ်ဆက်အပြီးမှာ Realme ကလည်း တန်ဖိုးသင့်၊ မော်ဒယ်မြင့် ဖုန်းတလုံးကို မိတ်ဆက်လိုက်ပါတယ်။ Realme ဖုန်းတွေထဲမှာ Specs အကောင်းဆုံးနဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးဖုန်းတလုံး ဖြစ်ပါတယ်။ Realme X ဒီဇိုင်းက OnePlus 7 Pro နဲ့ တော်တော်လေး ဆင်တူပြီး၊ OnePlus 7 Pro ထက် ဈေးနှုန်း ၃ ဆ လောက် သက်သာမှာပါ။

Realme X ကို တချို့က Flagship ဖုန်းလို့ ခေါ်ပေမယ့်၊ ကျနော်ကတော့ Upper-Midrange လို့ သုံးရင် ပိုမှန်မယ် ထင်ပါတယ်။ Snapdragon 710 Chipset၊ 19.5:9 Aspect Ratio ရှိတဲ့ 6.53-inch 1080p OLED Display ကို အသုံးပြုထားပြီး Notch လုံးဝ ပါမှာမဟုတ်ပါဘူး။ Notch အစား မော်တာတပ် Pop-up ရှေ့ကင်မရာစနစ်ကို အသုံးပြုထားပြီး၊ 16-megapixel ကင်မရာတလုံးတည်း ဖြစ်ပါတယ်။ OLED Display သုံးထားတာကတော့ Realme ပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့် အဓိကအချက်ပါ။ OLED ဖြစ်တာကြောင့် မျက်နှာပြင်အောက် လက်ဗွေရာစနစ်လည်း ပါဝင်မှာပါ။ နောက်ထပ်အကြိုက်တွေ့မယ့် အချက်က OPPO ရဲ့ VOOC 3.0 အားအမြန်သွင်းစနစ် အသုံးပြုနိုင်တာပါ။ ဘက်ထရီကတော့ 3,765mAh ဘက်ထရီ ဖြစ်ပါတယ်။ မိနစ် ၃၀ အတွင်း အား ၅၅ ရာခိုင်နှုန်းအထိ သွင်းပေးနိုင်ပါတယ်။

Realme X ကို 4GB RAM, 6GB RAM နဲ့ 8GB RAM ဆိုပြီး မော်ဒယ်ကွဲ သုံးမျိုး ထုတ်သွားမှာပါ။ Storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်ပါမယ်။

Realme X ရဲ့ နောက်ထပ်အဓိက ဆွဲဆောင်ချက်ကတော့ ကျောကင်မရာစနစ်ပါ။ ကျောကင်မရာနှစ်လုံးက Sony IMX 586 sensor သုံး f/1.7 48MP ကင်မရာတလုံးနဲ့ f/2.4 5MP depth ကင်မရာတလုံးတို့ ဖြစ်ပါတယ်။ Pixel bining နည်းပညာနဲ့ pixels ၄ ခုကို ပေါင်းစည်းကာ ရုပ်ထွက်ကောင်းမွန်ပြတ်သားတဲ့ 12MP ဓာတ်ပုံတွေ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ Chroma Boost, AI Scene Recognition, Nightscape, Portrait စတိုင်အမျိုးမျိုးတို့ ရိုက်ကူးနိုင်ပါတယ်။

Realme X ကို Steam White နဲ့ Punk Blue အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 4GB/64GB ဗားရှင်းကို ၂၂၀ ဒေါ်လာခန့်၊ 6GB/64GB ကို ၂၃၀ ဒေါ်လာခန့် နဲ့ 8GB/128GB ကို ၂၆၀ ဒေါ်လာခန့် ရှိပါမယ်။ Upper-Midrange ဖုန်းတလုံးကို ဒီဈေးနဲ့ ရနိုင်မှာကတော့ စွဲမက်စရာပါ။ Realme ဝဘ်ဆိုဒ်နဲ့ အခြား တရုတ်အွန်လိုင်းအရောင်းဝဘ်ဆိုဒ်တွေကနေ မေလ ၂၀ ရက်နေ့မှာ စတင် ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: The Verge, GSM Arena

(Unicode)

ဈေးနှုန်းချိုသာတဲ့ Pop-up ကင်မရာပါ Realme X ကို မိတ်ဆက်

You may be interested

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ
NEWS, Tech Update
0 shares0 views

Elon Musk က စိတ်နဲ့ ကွန်ပြူတာများကို ထိန်းချုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေ

Ko Thuya - Jul 21, 2019

သိပ္ပံပညာရှင်များက ကွန်ပြူတာများကို စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ နည်းပညာများကို ဖန်တီးနေကြပါတယ်။ အဲဒီ နည်းပညာဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများအတွက် အရမ်းကို အသုံးဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား ကဏ္ဍများမှာလည်း ဒီနည်းပညာကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဖန်တီးနေတဲ့ ကုမ္ပဏီများထဲမှာ…

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ
Android, Apple, HUBS
0 shares35 views

iPhone ကနေ Android Phone ပြောင်းကိုင်မှု များပြားနေ

Ko Thuya - Jul 21, 2019

စမတ်ဖုန်း အဟောင်းများကို အသစ်များနဲ့ လဲလှယ်ပေးတဲ့ BankMyCell ရဲ့ ဒေတာများအရ iPhone ကနေ Samsung Phone ပြောင်းကိုင်မှု များပြားနေတယ်လို့ သိရပါတယ်။ iPhone အဟောင်း ပိုင်ရှင်များဟာ iPhone အသစ်များနဲ့ လဲလှယ်ခြင်း မရှိတော့ဘဲ အခြား ဘရန်းများကို…

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ
HUBS, NEWS, Storage Devices
0 shares52 views

Redmi က သူ့ရဲ့ ပထမဆုံး Power Banks များကို ရောင်းချ

Ko Thuya - Jul 21, 2019

Redmi က စမတ်ဖုန်းများ အပြင် ပါဝါဘန့်များကို ထုတ်လုပ်ရောင်းချလိုက်ပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံး ပါဝါဘန့်များ ဖြစ်ပါတယ်။ 10000mAh နဲ့ 20000mAh Power Bank များ ဖြစ်ပြီး ၅၉ ယွမ်နဲ့ ၉၉ ယွမ် အသီးသီး သတ်မှတ်ထားပါတယ်။…

Leave a Comment

Most from this category