0 Shares 73 Views

အြန္လိုင္းမွာ ရည္းစားရွာနည္း သင္ေပးမယ့္ ၀န္ေဆာင္မႈ

May 15, 2019
0 73

Match ဟာ Dating App မ်ားထဲမွာေတာ့ အေစာဆံုးထဲက တစ္ခု ျဖစ္ပါတယ္။ အခုလည္း သူ႔ရဲ႕ ၀န္ေဆာင္မႈကို အခေပး အသံုးျပဳေနသူမ်ားအတြက္ ရည္းစားရွာနည္း သင္တန္းမ်ားကို ကြ်မ္းက်င္သူမ်ားကေန သင္ၾကားေပးမယ့္ အစီအစဥ္ကိုျပဳလုပ္ေပးလိုက္ပါတယ္။ အဲဒီ ၀န္ေဆာင္မႈ အသစ္ရဲ႕ အမည္က AskMatch ျဖစ္ပါတယ္။ သင္တန္းမွာ ေကာင္းမြန္တဲ့ Dating Profile တည္ေဆာက္နည္း၊ ပိုးပန္းနည္းမ်ား၊ လမ္းခြဲနည္းမ်ားကို သင္ၾကားျပသေပးမွာ ျဖစ္ပါတယ္။ ပညာရွင္မ်ားက သင့္ကို Match App ကေနပဲ သင္ၾကားေပးမွာ ျဖစ္ပါတယ္။

Match ရဲ႕ စီအီးအို ျဖစ္သူ Hesam Hosseini က ဒီ၀န္ေဆာင္မႈ အသစ္ဟာ ၁၉၉၅ ခုႏွစ္ကတည္းက စတင္ခဲ့တဲ့ ကုမၸဏီရဲ႕ ရည္းစားရွာေပးတဲ့ ပလက္ေဖာင္းကို တိုးခ်ဲ႕ေစႏုိင္တယ္လို႔ ေျပာပါတယ္။ သူက “ Match ဟာ သင့္ဖုန္းမွ သာမာန္ App တစ္ခုသာ မဟုတ္ပါဘူး။ လူေတြရဲ႕ ေပါင္းသင္းဆက္ဆံေရးကို တိုးတက္ေစဖို႔ အၿမဲတမ္း ကူညီေပးေနပါတယ္။ “ လို႔ ျဖည့္စြက္ေျပာပါတယ္။

ကုမၸဏီရဲ႕ ဘေလာ့ ေဆာင္းပါးတစ္ခုမွာ အဲဒီ ၀န္ေဆာင္မႈ အသစ္ကို လက္ရွိမွာ နယူးေယာက္စီးတီးတြင္ စတင္ အသံုးျပဳႏုိင္ၿပီ ျဖစ္ၿပီး အေမရိကန္တစ္လႊားမွာ တိုးခ်ဲ႕၀န္ေဆာင္မႈေပးမယ္လို႔ ေရးသားထားပါတယ္။ App ရဲ႕ Discover Tab မွ Talk to Coach Button ကို ႏွိပ္ျခင္းျဖင့္ ကြ်မ္းက်င္သူမ်ားထံကေန အၾကံဥာဏ္မ်ား ရယူႏုိင္ပါတယ္။

အြန္လိုင္း ရည္းစားရွာေဖြေပးတဲ့ ၀န္ေဆာင္မႈ နယ္ပယ္ဟာ အၿပိဳင္အဆိုင္မ်ားစြာ ရွိလာပါၿပီ။ Bumble , Hinge, Happn တို႔လို Dating App မ်ားကို ယွဥ္ၿပိဳင္ဖို႔ Match က ႀကိဳးစားေနပါတယ္။

Ref : techradar

[Unicode]

အွန်လိုင်းမှာ ရည်းစားရှာနည်း သင်ပေးမယ့် ဝန်ဆောင်မှု

Match ဟာ Dating App များထဲမှာတော့ အစောဆုံးထဲက တစ်ခု ဖြစ်ပါတယ်။ အခုလည်း သူ့ရဲ့ ဝန်ဆောင်မှုကို အခပေး အသုံးပြုနေသူများအတွက် ရည်းစားရှာနည်း သင်တန်းများကို ကျွမ်းကျင်သူများကနေ သင်ကြားပေးမယ့် အစီအစဉ်ကိုပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီ ဝန်ဆောင်မှု အသစ်ရဲ့ အမည်က AskMatch ဖြစ်ပါတယ်။ သင်တန်းမှာ ကောင်းမွန်တဲ့ Dating Profile တည်ဆောက်နည်း၊ ပိုးပန်းနည်းများ၊ လမ်းခွဲနည်းများကို သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ ပညာရှင်များက သင့်ကို Match App ကနေပဲ သင်ကြားပေးမှာ ဖြစ်ပါတယ်။

Match ရဲ့ စီအီးအို ဖြစ်သူ Hesam Hosseini က ဒီဝန်ဆောင်မှု အသစ်ဟာ ၁၉၉၅ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ ကုမ္ပဏီရဲ့ ရည်းစားရှာပေးတဲ့ ပလက်ဖောင်းကို တိုးချဲ့စေနိုင်တယ်လို့ ပြောပါတယ်။ သူက “ Match ဟာ သင့်ဖုန်းမှ သာမာန် App တစ်ခုသာ မဟုတ်ပါဘူး။ လူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေဖို့ အမြဲတမ်း ကူညီပေးနေပါတယ်။ “ လို့ ဖြည့်စွက်ပြောပါတယ်။

ကုမ္ပဏီရဲ့ ဘလော့ ဆောင်းပါးတစ်ခုမှာ အဲဒီ ဝန်ဆောင်မှု အသစ်ကို လက်ရှိမှာ နယူးယောက်စီးတီးတွင် စတင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး အမေရိကန်တစ်လွှားမှာ တိုးချဲ့ဝန်ဆောင်မှုပေးမယ်လို့ ရေးသားထားပါတယ်။ App ရဲ့ Discover Tab မှ Talk to Coach Button ကို နှိပ်ခြင်းဖြင့် ကျွမ်းကျင်သူများထံကနေ အကြံဉာဏ်များ ရယူနိုင်ပါတယ်။

အွန်လိုင်း ရည်းစားရှာဖွေပေးတဲ့ ဝန်ဆောင်မှု နယ်ပယ်ဟာ အပြိုင်အဆိုင်များစွာ ရှိလာပါပြီ။ Bumble , Hinge, Happn တို့လို Dating App များကို ယှဉ်ပြိုင်ဖို့ Match က ကြိုးစားနေပါတယ်။

Ref : techradar

You may be interested

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ
Android, Huawei, HUBS
0 shares0 views

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ

Ko Thuya - May 22, 2019

Honor က အလန္းစား ကင္မရာမ်ား ပါတဲ့ Honor 20 Pro ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ 48MP Main Camera ဟာ လက္ရွိဖုန္းေတြထဲမွာ အျမန္ဆံုး Aperture ကို ပိုင္ဆိုင္ထားပါတယ္။ OIS နဲ႔ EIS…

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ
Android, Huawei, HUBS
0 shares16 views

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးျခားဆန္းသစ္ေအာင္ျပဳလုပ္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ဘရန္းခြဲ Honor ကလည္း ဒီလမ္းစဥ္ကိုလိုက္လာပါတယ္။ ကုမၸဏီက အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 နဲ႔ Honor 20 Pro တို႔ကို ေၾကညာလိုက္ပါတယ္။…

Android Q Beta ရသြားတဲ့ OnePlus 7 နဲ႔ One Plus 7 Pro
Android, HUBS, Mobiles & Tablets
0 shares21 views

Android Q Beta ရသြားတဲ့ OnePlus 7 နဲ႔ One Plus 7 Pro

Ko Thuya - May 21, 2019

OnePlus 7 Pro အတြက္ Kernel Source Code ကို မၾကာခင္က ျဖန္႔ခ်ီၿပီးေနာက္မွာ OnePlus က OnePlus 7 နဲ႔ OnePlus 7 Pro အတြက္ Android Q Beta ကို…

Leave a Comment

Most from this category