Tokyo 2020 Olympics မှာ AI ကို ဒိုင်အဖြစ် သုံးမည်

လာမယ့်နှစ်မှာ တိုကျို အုံလံပစ်ပွဲတော်ကြီးကို ကျင်းပကြတော့မှာ ဖြစ်ပါတယ်။ အခုတော့ ဂျပန် နည်းပညာ ဂုရုကြီး ဖူဂျစ်စုက ဉာဏ်ရည်တု နည်းပညာကို ဒိုင်အဖြစ် အသုံးပြုဖို့အတွက် နိုင်ငံတကာ ကျွမ်းဘား အဖွဲ့ချုပ် (FIG) နဲ့ ပူးပေါင်းလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ စမ်းသပ်မှုများကို ပြုလုပ်နေပြီ ဖြစ်ပြီး တိုကျို အိုလံပစ်ပွဲမှာ ကျင့်သုံးလာနိုင်ပါတယ်။

ဖူဂျစ်စုက ဉာဏ်ရည်တု နည်းပညာမှာ လူသားဒိုင်များလို မှားယွင်းဆုံးဖြတ်မှုများ မရှိနိုင်ဘူးလို့ မျှော်လင့်ထားပါတယ်။ ဒီတစ်ပတ် တိုကျိုမှာ ပြုလုပ်တဲ့ Fujitsu Forum Event မှာ ကုမ္ပဏီက သူ့ နည်းပညာကို ပြသခဲ့ပါတယ်။ သူ့ရဲ့ နည်းပညာမှာ ကျွမ်းဘား ကစားသူရဲ့ လှုပ်ရှားမှုများကို ဖမ်းယူဖို့ 3D Laser Scanner Sensors များကို အသုံးပြုထားပြီး လက်မောင်း၊ ခြေထောက်၊ အကွေးအစပ်နေရာများလို ဧရိယာများကို တစ်စက္ကန့်လျှင် ပုံရိပ် ၂ သန်းကို ဖမ်းယူပေးနိုင်ပါတယ်။ အဲဒီအတွက် အလွန်တိကျသေချာစွာ စစ်ဆေးပေးနိုင်ပါတယ်။

ဖူဂျစ်စုက FIG Competitions မှာ အားကစားသမားပေါင်း ၂၀၀ ကို ဒိုင်ပေါင်း ၁၀၀ က အကဲဖြတ်ပေးကြပြီး AI နဲ့ ဆိုရင် ဒိုင်အရေအတွက်ကို လျှော့ချပေးနိုင်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒိုင်များ ပွဲပန်းခြင်းကြောင့် ဖြစ်တဲ့ အမှားများကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာကို ဂျာမနီ နိုင်ငံ စတူးဂတ်မှာ အောက်တိုဘာလ ၄ ရက်ကနေ ၁၃ ရက်အတွင်းကျင်းပမယ့် Artistic Gymnastics World Championships မှာလည်း အသုံးပြုဖို့ စီစဉ်ထားပါတယ်။

အဲဒီနည်းပညာကို ဒိုင်အဖြစ် အသုံးချနိုင်သလို အားကစားသမားများ လေ့ကျင့်ဖို့အတွက်လည်း အသုံးချနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အားနည်းချက်များ ရှိနေတဲ့ လှုပ်ရှားမှုများကို ပြင်ဆင်လေ့ကျင့်နိုင်မှာပါ။

Ref : techradar

Tokyo 2020 Olympics မှာ AI ကို ဒိုင်အဖြစ် သုံးမည်

%d bloggers like this: