၉၉ ဒေါ်လာတန် OnePlus Bullets Wireless 2

OnePlus က ဒုတိယမျိုးဆက် နားကြပ်ကို ကြေညာလိုက်ပါတယ်။ OnePlus Bullets Wireless 2 လို့ အမည်ပေးထားပါတယ်။ ပထမမျိုးဆက်ဟာ ၆၉ ဒေါ်လာသာ ရှိပြီး ဒုတိယ မျိုးဆက်ကို ၉၉ ဒေါ်လာ သတ်မှတ်ထားတဲ့ အတွက် ဈေးပိုကြီးလာပါတယ်။ ယခင်ကထက် ပိုလုံးဝန်းလာပြီး ဝတ်ဆင်ရတာ ပို သက်တောင့်သက်သာရှိလာပါတယ်။ ဘက်ထရီ အစိတ်အပိုင်းကို ဝတ်ဆင်သူရဲ့ ပုခုံးမှာ တပ်ထားတဲ့ အတွက် အလေးချိန်က နည်းပါးသွားပါတယ်။

ကုမ္ပဏီက နားကြပ်မှာ Warp Charge Fast-charging ကို ထည့်သွင်းပေးထားပြီး ၁၀ မိနစ်အားသွင်းတာနဲ့ သီချင်းများကို ၁၀ နာရီကြာ နားဆင်နိုင်ပါတယ်။ အားအပြည့်သွင်းထားရင် ၁၄ နာရီကြာ သီချင်းနားထောင်နိုင်ပါတယ်။

Bluetooth 5 နဲ့ AptX HD များကို ထောက်ပံ့တဲ့အတွက် ကိရိယာများနဲ့ ကြိုးမဲ့ ချိတ်ဆက်ရာမှာ အလွန် ကောင်းပါတယ်။ OnePlus Phone များနဲ့ သူ့ကို လျှင်မြန်စွာ ချိတ်ဆက်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။ ယခင်မျိုးဆက်လိုပဲ သူ့ကို Neckband နဲ့ ချိတ်ဆက်နိုင်ပါတယ်။ နားကြပ်တစ်ခုစီမှာ သံလိုက်ပါတဲ့အတွက် မသုံးတဲ့ အချိန်များမှာ သူတို့ နှစ်ခုကို ပူးကပ်ထားနိုင်ပါတယ်။ နားကြပ်နှစ်ခုကို ကပ်လိုက်တာနဲ့ သီချင်းများကို အလိုလို ရပ်တန့်ပေးထားမှာပါ။ ပြန်ခွာလိုက်တာနဲ့သီချင်းကို ပြန်ဖွင့်ပေးတဲ့ လုပ်ဆောင်ချက်က မိုက်ပါတယ်။

Ref : techradar

၉၉ ဒေါ်လာတန် OnePlus Bullets Wireless 2

%d bloggers like this: