0 Shares 16 Views

Ongo ႏွင့္ Carlsberg တို႔ ပူးေပါင္းၿပီး အေရာင္းဆိုင္မ်ားသို႔ ေငြေပးေခ်မႈအား ဒစ္ဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲမည္

May 15, 2019
0 16

ကမာၻ႔ေဈးကြက္ဦးေဆာင္ ဘီယာခ်က္စက္႐ုံတစ္ခုျဖစ္တဲ့ Carlsberg ႏွင့္ ျမန္မာႏိုင္ငံေဈးကြက္ဦးေဆာင္ B2B ဒစ္ဂ်စ္တယ္ ေငြေပးေခ်ျခင္းဝန္ေဆာင္မႈကုမၸဏီတခုျဖစ္တဲ့ Ongo တို႔က Carlsberg ေရာင္းခ်သူမ်ားအတြက္ ႐ိုးရွင္း၊ လ်င္ျမန္ၿပီး စိတ္ခ်ရသည့္ ေငြေပးေခ်မႈ နည္းစနစ္မ်ား ပံ့ပိုးေပးရန္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။

Carlsberg ေရာင္းခ်သူမ်ားရဲ႕ ေငြေပးေခ်မႈမ်ားကို ထိေရာက္လုံၿခဳံသည့္နည္းလမ္းျဖင့္ စုစည္းကာ ဒစ္ဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲေပးမယ့္ ေငြသား/အေႂကြး ဝယ္ယူေကာက္ခံျခင္းစနစ္ကို Ongo ႏွင့္ Carlsberg တို႔က ေမလ ၈ ရက္၊ ဗုဒၶဟူးေန႔မွာ တရားဝင္ စတင္ ေၾကညာလိုက္ပါတယ္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၃ ခုႏွစ္က စတင္တည္ေထာင္ခဲ့သည့္ Carlsberg ဟာ ႏိုင္ငံတြင္းေဈးကြက္တြင္ သိသာ ထင္ရွားစြာ ႀကီးထြားလာခဲ့ၿပီး ယေန႔အခ်ိန္တြင္ ႏိုင္ငံတစ္ဝန္းမွ ဝယ္ယူအားေပးသူေပါင္း ၃,၇၀၀ ေက်ာ္ အတြက္ ဝန္ေဆာင္မႈေပးလ်က္ ရွိတယ္လို႔ သိရပါတယ္။ ေရာင္းခ်သူမ်ား နဲ႔ Carlsberg တို႔အၾကား ေငြေပးေခ်မႈမ်ားကို ပိုမို ေခ်ာေမြ႕ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့မႈေၾကာင့္ ေရာင္းခ်သူတစ္ဦးခ်င္းစီ၏ သတင္းအခ်က္အလက္အေသး စိတ္ကို အခ်ိန္ႏွင့္တေျပးညီရရွိႏိုင္မွာျဖစ္ၿပီး၊ ေငြေပးေခ်မႈတိုင္းကို ျမန္ဆန္လုံၿခဳံေစကာ စားသုံးသူမ်ားႏွင့္ ပိုမိုထိထိေရာက္ေရာက္ ခ်ိတ္ဆက္ႏိုင္မယ္လို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ Carlsberg Myanmar က ထုတ္ကုန္ေတြရဲ႕အရည္အေသြးျမင့္မားမႈတစ္ခုတည္းကိုတင္ ဂုဏ္ယူတာမဟုတ္ပါဘူး။ တန္ဖိုးထားရတဲ့ေရာင္းခ်သူေတြနဲ႔ၾကားက ဆက္ဆံေရးအရည္အေသြးအတြက္ လည္း ဂုဏ္ယူပါတယ္။” လို႔ ျမန္မာႏိုင္ငံရွိ Carlsberg ရဲ႕ မန္ေနးဂ်င္း ဒါ႐ိုက္တာျဖစ္သူ Christoph Vavrik က ရွင္းျပခဲ့ပါတယ္။

“အခုလို ပူးေပါင္းေဆာင္႐ြက္မႈက ေငြသားကိုင္တြယ္သုံးစြဲမႈရဲ႕ ကုန္က်စရိတ္ေတြကို ေလွ်ာ့ ခ်ေပးႏိုင္ၿပီး ကြၽန္ေတာ္တို႔နဲ႔ ေရာင္းခ်သူေတြၾကားက ေငြလႊဲေျပာင္းမႈလုပ္ငန္းစဥ္ေတြအားလုံးကို ပိုၿပီး တိုးတက္ထိေရာက္လာေစႏိုင္မွာျဖစ္လို႔ Ongo နဲ႔ ပူးတြဲလုပ္ေဆာင္ရတာအတြက္ တကယ္စိတ္လႈပ္ရွားမိ ပါတယ္။” လို႔ Christoph က ဆိုပါတယ္။

Ongo က Carlsberg ႏွင့္ ဝယ္ယူအားေပးသူမ်ားအၾကား ေငြသားအသုံးျပဳမႈကို ရပ္ဆိုင္းၿပီး၊ ေငြေပးေခ်မႈမ်ားကို ဒစ္ဂ်စ္တယ္စနစ္သို႔ ေျပာင္းလဲေပးျခင္းျဖင့္ Carlsberg ကို ေငြသားကိုင္တြယ္မႈဆိုင္ရာ ကုန္က်စရိတ္မ်ားအတြက္ အခ်ိန္မကုန္ေစဘဲ အမွန္တကယ္အေရးႀကီးေသာကိစၥရပ္ျဖစ္သည့္ ဝယ္ယူအား ေပးသူမ်ား၏ စိတ္ေက်နပ္ေစျခင္းအေပၚ ပိုမိုအာ႐ုံစိုက္ေစႏိုင္မွာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအတြင္း စီးပြားေရးလုပ္ငန္းတစ္ခုကေန တခုသို႔ ဒစ္ဂ်စ္တယ္ေငြေပးေခ်ဝန္ေဆာင္မႈေဈးကြက္ကို ဦးေဆာင္ေနတဲ့ Ongo ဟာ စီးပြားေရးလုပ္ငန္း ၁၃၀ ေက်ာ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္။ ေငြေၾကးေကာက္ခံျခင္းႏွင့္ ေငြေပးေခ်ျခင္းဝန္ေဆာင္မႈမ်ားအျပင္ Carlsberg ကဲ့သို႔ သုံးစြဲသူေကာ္ပိုရိတ္ လုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေငြေပးေခ်မႈ အခ်က္အလက္မ်ားႏွင့္ အဆိုပါအခ်က္အလက္မ်ားကို အသုံးျပဳထားသည့္ ေဈးကြက္ခ်ဲ႕ထြင္မႈနည္းစနစ္မ်ားကိုလည္း ပံ့ပိုးေပးမွာျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

Ongo ဟာ စီးပြားေရးလုပ္ငန္းတစ္ခုကေန တစ္ခုအၾကား ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈ မိတ္ဖက္လုပ္ေဆာင္မႈမ်ား သာမက အေရာင္းဆိုင္/ေရာင္းခ်သူ ၂၆,၀၀၀ ေက်ာ္၊ အသုံးျပဳသူ ၅၀၀,၀၀၀ ေက်ာ္ႏွင့္ လုပ္ငန္းေဆာင္႐ြက္လ်က္ရွိၿပီး ျမန္မာႏိုင္ငံတစ္ဝန္းရွိ ၿမိဳ႕ႀကီးၿမိဳ႕ငယ္ ၅၅ ၿမိဳ႕သို႔ ကြန္ယက္ျဖန႔္ က်က္ထားႏိုင္ၿပီ ျဖစ္ပါတယ္။

(Unicode)

Ongo နှင့် Carlsberg တို့ ပူးပေါင်းပြီး အရောင်းဆိုင်များသို့ ငွေပေးချေမှုအား ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

ကမ္ဘာ့ဈေးကွက်ဦးဆောင် ဘီယာချက်စက်ရုံတစ်ခုဖြစ်တဲ့ Carlsberg နှင့် မြန်မာနိုင်ငံဈေးကွက်ဦးဆောင် B2B ဒစ်ဂျစ်တယ် ငွေပေးချေခြင်းဝန်ဆောင်မှုကုမ္ပဏီတခုဖြစ်တဲ့ Ongo တို့က Carlsberg ရောင်းချသူများအတွက် ရိုးရှင်း၊ လျင်မြန်ပြီး စိတ်ချရသည့် ငွေပေးချေမှု နည်းစနစ်များ ပံ့ပိုးပေးရန် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

Carlsberg ရောင်းချသူများရဲ့ ငွေပေးချေမှုများကို ထိရောက်လုံခြုံသည့်နည်းလမ်းဖြင့် စုစည်းကာ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးမယ့် ငွေသား/အကြွေး ဝယ်ယူကောက်ခံခြင်းစနစ်ကို Ongo နှင့် Carlsberg တို့က မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ တရားဝင် စတင် ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Carlsberg ဟာ နိုင်ငံတွင်းဈေးကွက်တွင် သိသာ ထင်ရှားစွာ ကြီးထွားလာခဲ့ပြီး ယနေ့အချိန်တွင် နိုင်ငံတစ်ဝန်းမှ ဝယ်ယူအားပေးသူပေါင်း ၃,၇၀၀ ကျော် အတွက် ဝန်ဆောင်မှုပေးလျက် ရှိတယ်လို့ သိရပါတယ်။ ရောင်းချသူများ နဲ့ Carlsberg တို့အကြား ငွေပေးချေမှုများကို ပိုမို ချောမွေ့စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ရောင်းချသူတစ်ဦးချင်းစီ၏ သတင်းအချက်အလက်အသေး စိတ်ကို အချိန်နှင့်တပြေးညီရရှိနိုင်မှာဖြစ်ပြီး၊ ငွေပေးချေမှုတိုင်းကို မြန်ဆန်လုံခြုံစေကာ စားသုံးသူများနှင့် ပိုမိုထိထိရောက်ရောက် ချိတ်ဆက်နိုင်မယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့ Carlsberg Myanmar က ထုတ်ကုန်တွေရဲ့အရည်အသွေးမြင့်မားမှုတစ်ခုတည်းကိုတင် ဂုဏ်ယူတာမဟုတ်ပါဘူး။ တန်ဖိုးထားရတဲ့ရောင်းချသူတွေနဲ့ကြားက ဆက်ဆံရေးအရည်အသွေးအတွက် လည်း ဂုဏ်ယူပါတယ်။” လို့ မြန်မာနိုင်ငံရှိ Carlsberg ရဲ့ မန်နေးဂျင်း ဒါရိုက်တာဖြစ်သူ Christoph Vavrik က ရှင်းပြခဲ့ပါတယ်။

“အခုလို ပူးပေါင်းဆောင်ရွက်မှုက ငွေသားကိုင်တွယ်သုံးစွဲမှုရဲ့ ကုန်ကျစရိတ်တွေကို လျှော့ ချပေးနိုင်ပြီး ကျွန်တော်တို့နဲ့ ရောင်းချသူတွေကြားက ငွေလွှဲပြောင်းမှုလုပ်ငန်းစဉ်တွေအားလုံးကို ပိုပြီး တိုးတက်ထိရောက်လာစေနိုင်မှာဖြစ်လို့ Ongo နဲ့ ပူးတွဲလုပ်ဆောင်ရတာအတွက် တကယ်စိတ်လှုပ်ရှားမိ ပါတယ်။” လို့ Christoph က ဆိုပါတယ်။

Ongo က Carlsberg နှင့် ဝယ်ယူအားပေးသူများအကြား ငွေသားအသုံးပြုမှုကို ရပ်ဆိုင်းပြီး၊ ငွေပေးချေမှုများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲပေးခြင်းဖြင့် Carlsberg ကို ငွေသားကိုင်တွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များအတွက် အချိန်မကုန်စေဘဲ အမှန်တကယ်အရေးကြီးသောကိစ္စရပ်ဖြစ်သည့် ဝယ်ယူအား ပေးသူများ၏ စိတ်ကျေနပ်စေခြင်းအပေါ် ပိုမိုအာရုံစိုက်စေနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတစ်ခုကနေ တခုသို့ ဒစ်ဂျစ်တယ်ငွေပေးချေဝန်ဆောင်မှုဈေးကွက်ကို ဦးဆောင်နေတဲ့ Ongo ဟာ စီးပွားရေးလုပ်ငန်း ၁၃၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ငွေကြေးကောက်ခံခြင်းနှင့် ငွေပေးချေခြင်းဝန်ဆောင်မှုများအပြင် Carlsberg ကဲ့သို့ သုံးစွဲသူကော်ပိုရိတ် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ငွေပေးချေမှု အချက်အလက်များနှင့် အဆိုပါအချက်အလက်များကို အသုံးပြုထားသည့် ဈေးကွက်ချဲ့ထွင်မှုနည်းစနစ်များကိုလည်း ပံ့ပိုးပေးမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ongo ဟာ စီးပွားရေးလုပ်ငန်းတစ်ခုကနေ တစ်ခုအကြား ဒစ်ဂျစ်တယ်ငွေပေးချေမှု မိတ်ဖက်လုပ်ဆောင်မှုများ သာမက အရောင်းဆိုင်/ရောင်းချသူ ၂၆,၀၀၀ ကျော်၊ အသုံးပြုသူ ၅၀၀,၀၀၀ ကျော်နှင့် လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ် ၅၅ မြို့သို့ ကွန်ယက်ဖြန့် ကျက်ထားနိုင်ပြီ ဖြစ်ပါတယ်။

You may be interested

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္
Android, Huawei, HUBS
0 shares0 views

Huawei က သူ႔ရဲ႕ ကိုယ္ပိုင္ OS ကို ေဆာင္းရာသီ မတိုင္ခင္ ျဖန္႔ခ်ီေပးႏုိင္

Ko Thuya - May 22, 2019

Huawei ရဲ႕ စီးပြားေရး လုပ္ငန္းစုမွ စီအီးအို ျဖစ္သူ Richard Yu က ကုမၸဏီရဲ႕ ကိုယ္ပိုင္ Mobile OS ကို ေဆာင္းရာသီ မတိုင္ခင္မွာ ျဖန္႔ခ်ီေပးမယ္လို႔ ေျပာေၾကာင္း သတင္းထြက္လာပါတယ္။ ဟြာေ၀းကေတာ့ OS ကို ျဖန္႔ခ်ီမယ့္…

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ
Android, Huawei, HUBS
0 shares0 views

48MP နဲ႔အတူ အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 Pro ကို ေၾကညာ

Ko Thuya - May 22, 2019

Honor က အလန္းစား ကင္မရာမ်ား ပါတဲ့ Honor 20 Pro ကို ေၾကညာလိုက္ပါတယ္။ သူ႔ရဲ႕ 48MP Main Camera ဟာ လက္ရွိဖုန္းေတြထဲမွာ အျမန္ဆံုး Aperture ကို ပိုင္ဆိုင္ထားပါတယ္။ OIS နဲ႔ EIS…

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ
Android, Huawei, HUBS
0 shares16 views

အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 ကို ေၾကညာ

Ko Thuya - May 22, 2019

Huawei က Mobile Photography ကို ထူးျခားဆန္းသစ္ေအာင္ျပဳလုပ္ေနပါတယ္။ အခုေတာ့ သူ႔ရဲ႕ ဘရန္းခြဲ Honor ကလည္း ဒီလမ္းစဥ္ကိုလိုက္လာပါတယ္။ ကုမၸဏီက အေနာက္ကင္မရာ ေလးလံုးပါတဲ့ Honor 20 နဲ႔ Honor 20 Pro တို႔ကို ေၾကညာလိုက္ပါတယ္။…

Leave a Comment

Most from this category