ကမ္ဘာတဝှမ်း အသုံးပြုသူဦးရေ ၁၄ သန်း ပြည့်သွားတဲ့ Samsung Pay

Samsung အသုံးပြုသူတွေအနေနဲ့ သူတို့ဖုန်းတွေကို ဒီဂျစ်တယ်ပိုက်ဆံအိတ်အဖြစ် Contactless Payments တွေမှာ အသုံးပြုနိုင်စွမ်းရည်ကို ၂၀၁၅ ခုနှစ်မှာ စတင်ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ အဆိုပါ ငွေပေးချေဝန်ဆောင်မှုကို ဖုန်းတွေသာမက Samsung စမတ်နာရီတွေမှာ ရရှိခဲ့ပါတယ်။ အခုဆိုရင် Samsung Pay ကို ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ အသုံးပြုနေကြပြီး၊ ၂၀၁၉ ခုနှစ် ဧပြီလမှာ Samsung Pay အသုံးပြုသူဦးရေ ၁၄ သန်း ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။

Samsung Pay အောင်မြင်မှုအမြင့်ဆုံးနိုင်ငံကတော့ မိခင် တောင်ကိုရီးယားနိုင်ငံမှာပါ။ တောင်ကိုရီးယားမှာ Samsung Pay နဲ့ ပေးချေခဲ့တဲ့ ငွေက စုစုပေါင်း ကန်ဒေါ်လာ ၃၃.၆၅ ဘီလျံအထိ ရှိနေပါတယ်။ ဒီထဲက ၂၅ ရာခိုင်နှုန်းဟာ Online Payment တွေမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်အတွင်း တောင်ကိုရီးယားပြည်တွင်း Offline ငွေပေးချမှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ Samsung Pay နဲ့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Samsung Pay နဲ့ ငွေပေးချေမှု သာမက ATM တွေကနေ ငွေသွင်း/ငွေထုတ်မှု တွေပါ လုပ်ဆောင်နိုင်သလို ယာဉ်စီးနင်းခွင့်ကတ်၊ Prepaid ကတ် ငွေပေးချေမှုတွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

Bank နဲ့ ပူးပေါင်းပြီး Samsung Pay ဝန်ဆောင်မှုအတွက် လုပ်ဆောင်ချက်အသစ်တွေကို ရှေ့ဆက် တိုးချဲ့ ပေးဖို့ ရှိတယ်လို့ သိရပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်းနဲ့ ကမ္ဘာ့အသုံးများဆုံး ငွေကြေး ၁၅ မျိုးကို လဲလှယ်နိုင်တဲ့ ငွေလဲ Add-on တခုလည်း ထည့်ပေးဖို့ ရှိပါတယ်။ တောင်ကိုရီးယားက အသုံးပြုသူတွေအနေနဲ့ Samsung Pay app မှာ ယခုဝန်ဆောင်မှုကို ရယူပြီးတာနဲ့ Woori Bank ဘဏ်ခွဲတွေမှာ ငွေလဲလှယ်နိုင်မှာပါ။

Ref: GSM Arena, Sam Mobile

ကမ္ဘာတဝှမ်း အသုံးပြုသူဦးရေ ၁၄ သန်း ပြည့်သွားတဲ့ Samsung Pay

%d bloggers like this: