iPhone 11 အတွက် Apple ရဲ့ A13 Chips များကို စတင် ထုတ်လုပ်နေပြီ

Apple ရဲ့ ထုံးစံအတိုင်းဆိုရင်တော့ iPhone 11 Series များကို စက်တင်ဘာလမှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ Bloomberg က အိုင်ဖုန်းများအတွက် A13 Chips များကို Apple ရဲ့ ပါတနာဖြစ်သူ Taiwan Semiconductor Manufacturing Co က စတင် ထုတ်လုပ်နေပြီလို့ ရေးသားထားပါတယ်။ A13 Chip များကို ဧပြီလမှာ စတင် စမ်းသပ်ထုတ်လုပ်နေပြီး မေလကုန်မှာ အမြောက်အများထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

A13 Chip ကို ဒီနှစ်ထုတ် အိုင်ဖုန်း မော်ဒယ် သုံးခုစလုံးမှာ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒီနှစ်ထုတ် အိုင်ဖုန်း မော်ဒယ် သုံးခုမှာ ယခင်နှစ်ကထက် ကင်မရာများ အပိုပါလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် အိုင်ဖုန်း အသစ်များဟာ AirPods လို အခြား ကိရိယာများကို ကြိုးမဲ့အားသွင်းပေးမယ့် နည်းပညာ ပါလာမယ်လို့ သိရပါတယ်။

The Wall Street Journal က ဒီနှစ်ထုတ် စွမ်းရည်မြင့် iPhone 11 မှာ အနောက်ကင်မရာ သုံးလုံး ပါလာမယ်လို့ ပြီးခဲ့တဲ့လက ပြောပါတယ်။ iPhone XR ရဲ့ မျိုးဆက်မှာ အနောက်ကင်မရာ နှစ်လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး Liquid Retina (LCD) Screen ပါလာမှာ ဖြစ်ပါတယ်။ Apple က ၂၀၂၀ ခုနှစ်ကျမှသာ အိုင်ဖုန်း အားလုံးမှာ OLED ကို သုံးလာမယ်လို့ သိရပါတယ်။

iPhone XR 2 မှာ မြင်ကွင်းကျယ် ကင်မရာတစ်လုံးနဲ့ Telephoto Lens တစ်လုံး ထည့်သွင်းထားမှာပါ။ ယခင်နှစ်ထုတ် iPhone XS , XS Max များ အတိုင်း ဖြစ်ပါတယ်။ အဲဒီအတွက် iPhone XR 2 မှာ Portrait Mode က ပိုကောင်းလာမှာ ဖြစ်ပြီး 2x Optical Zoom ပါလာမှာ ဖြစ်ပါတယ်။ iPhone XR 2 မှာ အရှေ့ကင်မရာကလည်း ပိုကောင်းလာနိုင်ပါတယ်။ လက်ရှိ iPhone XR ရဲ့ 7MP Camera ထက်ပိုကောင်းတဲ့ 12MP Camera ကို အသုံးပြုထားနိုင်ပါတယ်။

ref : gizmodo

iPhone 11 အတွက် Apple ရဲ့ A13 Chips များကို စတင် ထုတ်လုပ်နေပြီ

%d bloggers like this: