BMW ဖန်တီးနေတဲ့ စမတ်နာရီ

BMW ရဲ့ Fans တွေအတွက် ကုမ္ပဏီက သူ့ရဲ့ ပထမဆုံး စမတ်နာရီကို လာမယ့်နှစ်မှာ ထုတ်လုပ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ BMW နဲ့ Fossil Group တို့ ပူးပေါင်းပြီး နာရီနဲ့ စမတ်နာရီများကို ဖန်တီးမယ်လို့ အတည်ပြုလိုက်ပါတယ်။ BMW Brand အနေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

သူ့ရဲ့ ဒီဇိုင်းနဲ့ Specs များကိုတော့ လက်ရှိမှာမသိရသေးပါဘူး။ ဒါပေမယ့် Concept Image ကိုတော့ ကုမ္ပဏီက ပြသထားပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ်ဆိုပေမယ့် အချိန်အတိအကျကို မသိရသေးပါဘူး။ Fossil Group ဟာ Diesel, Emporio Armiani, Kate Spade နဲ့ Michael Kors တို့လို Brand များအတွက် စမတ်နာရီများကို ဖန်တီးပေးနေပါတယ်။

အခုတော့ BMW အတွက်ပါ စမတ်နာရီကို ဖန်တီးပေးတော့မှာပါ။ “ BMW ဟာ ကမ္ဘာမှာ နာမည်အကြီးဆုံး Brand များထဲမှ တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ သူ့အတွက် အကောင်းဆုံး ဖန်တီးပေးမှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှ BMW Fans များ စိတ်ကျေနပ်အောင် ဖန်တီးပေးမှာပါ။ “ လို့ Fossil Group ရဲ့ စီအီးအို ဖြစ်သူ Kosta Kartsotis က ပြောပါတယ်။

BMW နဲ့ Fossil Group တို့ဟာ ၂၀၂၃ ခုနှစ် မတိုင်ခင်အထိ ပူးပေါင်းဖို့ သဘောတူညီမှု ရယူထားပါတယ်။ အဲဒီအတွက်လာမယ့် လေးနှစ်အတွင်းမှာ BMW ရဲ့ စမတ်နာရီများစွာကို မြင်ရနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ Fossil Group က Puma အတွက် စမတ်နာရီများကို ဖန်တီးပေးမှာ ဖြစ်ပြီး လာမယ့်နှစ်မှာ ရောင်းချမယ်လို့ ကြေညာခဲ့ပါတယ်။

Ref : techradar

BMW ဖန်တီးနေတဲ့ စမတ်နာရီ

%d bloggers like this: