iPhone အတွက် AMOLED မျက်နှာပြင်တွေထုတ်လုပ်ပေးတော့မယ့် Samsung

စမတ်ဖုန်းလောကရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ Apple နဲ့ Samsung တို့ဟာ စီးပွားရေးလုပ်ငန်းတွေကို အတူတကွလုပ်ဆောင်နိုင်မယ့်အလားအလာတွေကို တွေ့နေရပါတယ်။ Apple ဟာ နောက်ထွက်မယ့် iPhone မော်ဒယ်တွေဖြစ်တဲ့ iPhone Plus မော်ဒယ်တွေမှာ LCD မျက်နှာပြင်အစား Samsung ရဲ့ AMOLED မျက်နှာပြင်ကို စတင်အသုံးပြုဖွယ်ရှိနေတာဖြစ်ပါတယ်။

Samsung ဟာ AMOLED မျက်နှာပြင်ကို အဓိကထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး Apple အတွက် AMOLED မျက်နှာပြင်တွေကို ရာခိုင်နှုန်း ၆၀လောက်အထိ ထုတ်လုပ်ပေးမှာဖြစ်တယ်လို့ သတင်းတွေထွက်နေတာပါ။ Samsung ဟာ ဒီမျက်နှာပြင်ကို ထုတ်လုပ်တဲ့အပိုင်းမှာ ပိုမိုကြီးမားတဲ့ ရင်းနှီးမြုတ်နှံမှုတွေ ပြုလုပ်လာပြီး ဒေါ်လာ ၆.၆၄ ဘီလျံ ကနေ ဒေါ်လာ ၇.၄၇ ဘီလျံ လောက်အထိရှိထားတာမို့ တစ်လကို ၄၅ ၀၀၀ ယူနစ် အထိထုတ်လုပ်လာနိုင်တာဖြစ်ပြီး လာမယ့်နှစ်မှာ Display အရေအတွက် သန်း၁၀၀ လောက်အထိထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Apple ဟာ ကျန်တဲ့ AMOLED မျက်နှာပြင် ၃၀ရာခိုင်နှုန်းကို ထုတ်လုပ်ပေးမယ့် နောက်ထပ်ကုမ္ပဏီတစ်ခုကိုလည်း ရွေးချယ်ဖို့မဟာဗျူဟာချမှတ်ထားပြီး LG ဖြစ်ဖွယ်ရှိနေတယ်လို့ အတွင်းသတင်းတွေအရသိရပါတယ်။ ကျန်ရှိနေတဲ့ သုံးခုမြောက် Suppliers တွေကိုတော့ (JDI နဲ့ Foxconn) တို့ကို ၁၀ရာခိုင်နှုန်းပေးမှာဖြစ်ပါတယ်။

ခန့်မှန်းချက်တွေအရ လာမယ့် ၂၀၂၁ခုနှစ်မှာ Apple ဟာ Samsung ကို AMOLED ထုတ်လုပ်မယ့် အဓိကမိတ်ဖက်အဖြစ်ရွေးချယ်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီလိုသတင်းတွေထွက်ပေါ်လာတာဆိုရင် Apple ဟာ AMOLED မျက်နှာပြင်ကို ၂နှစ် ၃နှစ် မဟာဗျူဟာနဲ့ ထုတ်လုပ်မှာမဟုတ်ပဲ နှစ်ရှည်စီမံကိန်းချမှတ်ဖွယ်ရှိနေတာပါ။

Ref: GSM Arena

%d bloggers like this: