Kim Kardashian က Instagram မှာ ကြော်ညာပို့စ်တစ်ခုတင်ရင် ဒေါ်လာ ၃ သိန်းကနေ ၅ သိန်းရတယ်လို့ ပြော

ကမ္ဘာကျော် ဆယ်လီ တစ်ဦး ဖြစ်တဲ့ ကင်ကာဒါရှီယန်က က Instagram မှာ သူ့ကို Tag လုပ်လို့ ဖက်ရှင် ကုမ္ပဏီကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက တရားစွဲလိုက်ပါတယ်။ သူမက ကုမ္ပဏီထံကနေ နစ်နာကြေး ဒေါ်လာ ၁၀ သန်း အလိုရှိနေပါတယ်။ အခုတော့ သူမက Instagram မှာ ကြော်ညာပို့စ်တစ်ခုတင်ရင် ဒေါ်လာ ၃ သိန်းကနေ ၅ သိန်းရတယ်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။ နှစ်ရှည်လက်တွဲပြီး ကြော်ညာပေးရတယ်ဆိုရင် ဒေါ်လာ သန်းပေါင်းများစွာ ရတယ်လို့ ပြောပါတယ်။

တရားစွဲခံရတဲ့ ကုမ္ပဏီက Missguided Fashion Company ဖြစ်ပြီး ဆယ်လီများရဲ့ ဖက်ရှင် ဒီဇိုင်းများကို တုပ ပြုလုပ်ပြီး ဈေးသက်သာစွာ ရောင်းချလို့ နာမည်ကြီးပါတယ်။ ကာဒါရှီယန်က ကုမ္ပဏီဟာ သူမရဲ့ ခွင့်ပြုချက် မယူဘဲ သူမရဲ့ ဓါတ်ပုံများကို ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်နဲ့ အင်စတာဂရမ်မှာ အသုံးပြုခြင်း၊ သူမကို Tag တွဲခြင်းများ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ကာဒါရှီယန်က သူမရဲ့ နာမည်ကျော်စောမှုကို ကုမ္ပဏီက အသုံးချပြီး သူတို့ ထုတ်ကုန်များ ရောင်းအား ကောင်းအောင် ပြုလုပ်နေတယ်လို့ ပြောပါတယ်။ သူမက ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ကာဒါရှီယန်ကို ရည်ရွယ်တဲ့ စာမျက်နှာတစ်ခု ဖွင့်ထားပြီး အဲဒီမှာ သူမရဲ့ အဝတ်အစားများကို ပြသထားတယ်လို့ သိရပါတယ်။ စားသုံးသူများက အဝတ်အစားတစ်ခုကို နှိပ်ရင် တုပ ဖန်တီးထားတဲ့ အဝတ်အစားကို ရောင်းချတဲ့ စာမျက်နှာကို ရောက်ရှိသွားတယ်လို့ ပြောပါတယ်။ သူမရဲ့ အဝတ်အစား ပုံများကိုလည်း ကုမ္ပဏီရဲ့ အင်စတာဂရမ်စာမျက်နှာမှာ အသုံးပြုထားတယ်လို့ ပြောပါတယ်။

Ref : businessinsider

Kim Kardashian က Instagram မှာ ကြော်ညာပို့စ်တစ်ခုတင်ရင် ဒေါ်လာ ၃ သိန်းကနေ ၅ သိန်းရတယ်လို့ ပြော

%d bloggers like this: