Android Pie ColorOS 6 ရမယ့် အချိန်ကို Realme ကြေညာ

Realme က သူ့ရဲ့ ဖုန်း အဟောင်းများမှာ Android 9.0 Pie အခြေပြု ColorOS 6 ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။ ကုမ္ပဏီက နောက်ဆုံးထုတ် Realme 3 Pro Smartphone အတွက်လည်း Android Q Beta 3 ကို ဖြန့်ချီပေးထားပါတယ်။ သူ့ဖုန်းအားလုံးထဲမှာ Android Q Beta 3 ကို ရတဲ့ အစောဆုံး ဖုန်း ဖြစ်လာပါတယ်။ အခုတော့ ကုမ္ပဏီက လာမယ့်တစ်ပတ်ကစပြီး Android Pie အခြေပြု ColorOS 6 ကို Beta Testing ပြုလုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ Update မှာ Hyper Boost 2.0 ပါလာနိုင်ပါတယ်။ Hyper Boost 2.0 ကို Realme 2 , C1 , C2 တို့ ရသွားနိုင်ပါတယ်။

Android Pie ColorOS 6 Beta Update ရမယ့် ဖုန်းများနဲ့ အချိန်ဇယားများကို အောက်မှာ ကြည့်ပါ။

• realme 2 Pro — May 15th
• realme 1 and realme U1 — June 5th

ကုမ္ပဏီက Beta Testing ပြီးနောက်မှာ Stable Update ကိုလည်း အချိန်နဲ့ တစ်ပြေးညီ ဖြန့်ချီပေးမယ်လို့ အတည်ပြုလိုက်ပါတယ်။ ၁၅ ကနေ ရက် ၂၀ လောက်ကြာနိုင်ပါတယ်။ အဲဒီအတွက် Stable Update ကို အဲဒီဖုန်းအားလုံးအတွက် လာမယ့်လကုန်မှာ ဖြန့်ချီပေးနိုင်ပါတယ်။

Ref : fonearena

Android Pie ColorOS 6 ရမယ့် အချိန်ကို Realme ကြေညာ

%d bloggers like this: