Vivo Y3 မှာ Helio P35 Chipset ပါလာမည်

Vivo က နောက်ပိုင်းမှာ စမတ်ဖုန်းများစွာ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း သူ့ရဲ့ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း Vivo Y3 ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ တရုတ်မှာ သူ့ကို မကြာခင်မှာ ကြေညာမယ်လို့ ထင်ရပါတယ်။

သူ့မှာ ၆.၃၅ လက်မ ထိတွေ့မျက်နှာပြင် ပါပါတယ်။ အရည်အသွေးမှာ 1544x720p ဖြစ်ပြီး အရွယ်သေး Notch ထည့်သွင်းထားပါတယ်။ MediaTek Helio P35 Chipset မောင်းနှင်ထားပါတယ်။ 4GB RAM ပါပြီး 64 or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ Peach Powder လို့ ခေါ်တဲ့ ပန်းရောင် မော်ဒယ်ရဲ့ ဓါတ်ပုံလည်း ထွက်လာပါတယ်။ Peacock Blue အရောင်ကိုလည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။

အနောက်ဘက်မှာ 13MP Main Shooter +8MP Secondary Shooter +2MP Depth Camera များပါလာမှာပါ။ 8MP Secondary Camera ဟာ မြင်ကွင်းကျယ် ကင်မရာ သို့မဟုတ် Zooming အတွက် ဖြစ်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။

USB-C Port မပါဘဲ microUSB Port သာ ပါပါတယ်။ ပလတ်စတစ်ကိုယ်ထည်ကို အသုံးပြုထားပါတယ်။ နားကြပ်ပေါက်လည်း ပါပါတယ်။ ဘက်ထရီက 5000mAh ဖြစ်ပါတယ်။ အရွယ်အစား အပြည့်အစုံ 159.43 x 76.77 x 8.92 mm ဖြစ်ပြီး အလေးချိန်မှာ ၁၉၀.၅ ဂရမ် ဖြစ်ပါတယ်။ ယွမ် ၁၄၀၀ လောက်နဲ့ ရောင်းချနိုင်ပြီး ၂၀၅ ဒေါ်လာလောက် ကျသင့်မှာပါ။

Ref : gsmarena

Vivo Y3 မှာ Helio P35 Chipset ပါလာမည်

%d bloggers like this: