OPPO F11 Pro ရဲ့ Waterfall Gray အရောင်ထွက်ရှိ

OPPO F11 Pro အတွက် အရောင် နှစ်မျိုးထုတ်လုပ်ပေးထားပါတယ်။ အခုတော့ တတိယမြောက် အရောင်ထွက်လာပါပြီ။ သူက Waterfall Gray ဖြစ်ပါတယ်။ အရင်က Thunder Black နဲ့ Aurora Green အရောင်များ ထုတ်ထားတာပါ။ အရောင်အသစ်ကို နိုင်ငံများစွာမှာ ရောင်းနေပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်၊ Lazada နဲ့ Shopee များကနေလည်း ဝယ်ယူနိုင်ပါတယ်။ ထိုင်းမှာ ဒီတစ်ပတ်ထဲမှာ ကြိုတင်မှာယူနိုင်ပါတယ်။ ဖိလစ်ပိုင်မှာ မကြာခင် ရောင်းချတော့မှာပါ။ ဖိလစ်ပိုင်မှာ OPPO Brand စတင် ရောင်းချတာ ငါးနှစ်ပြည့် အထိမ်းအမှတ် အချိန်ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

အရောင်သာ ကွဲပြားပြီး အခြား Specs များက မူလမော်ဒယ်များနဲ့ တူညီပါတယ်။ သူ့မှာ ၆.၅ လက်မ FHD+ Panaromic Screen ထည့်သွင်းထားပြီး Screen-to-body Ratio မှာ ၉၀.၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။ MediaTek Helio P70 12nm Processor မောင်းနှင်ထားပါတယ်။

6GB RAM , Android 9.0 Pie အခြေပြု ColorOS 6.0 များ ထည့်ထားပါတယ်။ 48MP+5MP Dual Rear Camera, 16MP Front Camera များ ပါပါတယ်။ 4000mAh Battery (VOOC Flash Charge 3.0) များ ထည့်သွင်းထားပါတယ်။

Ref : gsmarena

OPPO F11 Pro ရဲ့ Waterfall Gray အရောင်ထွက်ရှိ

%d bloggers like this: