Lenovo က နှလုံးခုန်နှုန်းတိုင်းတာမှု ပါတဲ့ စမတ်နာရီကို ကြေညာ

Lenovo က EGO Digital Smartwatch ကို ကြေညာလိုက်ပါတယ်။ သူ့မှာ Monochrome Screen ထည့်သွင်းထားပြီး Night Light Mode ပါပါတယ်။ ဘက်ထရီ သက်တမ်းက ရက် ၂၀ ကြာပါတယ်။ တစ်ရက်လျှင် ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုများနဲ့ အိပ်စက်မှု အခြေအနေကို စောင့်ကြည့်တွက်ချက်ပေးနိုင်ပါတယ်။

ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပါတယ်။ သူ့မှာ ရေကူးတာကို တွက်ချက်ပေးတဲ့ စွမ်းရည်လည်း ပါပါတယ်။ Remote Camera က စကရင်ကနေ ခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ ဖုန်းကနေ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်ပါတယ်။ Vibrating Notifications များလို စမတ် လုပ်ဆောင်ချက်များလည်း ထည့်သွင်းထားပါတယ်။ Phone Calls, Emails, Text Messages နဲ့ လူမှုကွန်ရက် App များမှ Notification များကိုလည်း သူက ပြသပေးနိုင်ပါတယ်။

သူ့မှာ ၁.၆ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Bluetooth 4.0 ပါပြီး Android , iOS Smartphone များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 55 x 48 x 15.8 mm ဖြစ်ပြီး ၄၂ ဂရမ် အလေးချိန်ရှိပါတယ်။ ရူပီး ၁၉၉၉ သတ်မှတ်ထားပါတယ်။

Ref : fonearena

Lenovo က နှလုံးခုန်နှုန်းတိုင်းတာမှု ပါတဲ့ စမတ်နာရီကို ကြေညာ

%d bloggers like this: