ငါးမန်းတောင် Pop-up Selfie Camera ပါလာမယ့် OPPO K3

OPPO က မကြာခင်မှာ စွမ်းဆောင်ရည်သင့် စမတ်ဖုန်း အသစ်တစ်လုံးကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ Specs များဟာ တွစ်တာမှာ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့ရဲ့ အမည်က OPPO K3 ဖြစ်ပြီး Reno မှာလို ငါးမန်းတောင် Pop-up Selfie Camera ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ဆဲလ်ဖီး ကင်မရာက 16MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 16MP Main Camera နဲ့အတူ 2MP Depth Sensor ကို ပူးတွဲ ထည့်သွင်းထားပါတယ်။

OPPO K3 မှာ ၆.၅ လက်မ AMOLED Touchscreen ထည့်သွင်းထားပြီး မျက်နှာပြင် အရည်အသွေးမှာ 2340x1080p ဖြစ်ပါတယ်။ မျိုးဆက်သစ် မျက်နှာပြင်အောက်လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Qualcomm Snapdragon 710 Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ 128GB Storage ပါပြီး 6GB or 8GB RAM များ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

သူ့ကို ပလတ်စတစ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ USB-C Port , 3.5mm Headset Jack များ ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3700mAh ဖြစ်ပါတယ်။ 20W VOOC 3.0 Fast Charging ပါလာမှာပါ။ သူ့ရဲ့ အရွယ်အစား အပြည့်အစုံမှာ 161.2 x 76 x 9.4 mm ဖြစ်ပါတယ်။ အလေးချိန်မှာ ၁၉၁ ဂရမ် ဖြစ်ပါတယ်။

Ref : gsmarena

ငါးမန်းတောင် Pop-up Selfie Camera ပါလာမယ့် OPPO K3

%d bloggers like this: