Pop-up ကင်မရာသုံး Huawei Y9 Prime 2019, OPPO F11 Pro နဲ့ VIVO V15 သုံးမျိုးမှာ ဘယ်ဖုန်း ရွေးချယ်မလဲ

ဖုန်းဈေးကွက်မှာ မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေကို စတင်မြင်တွေ့ခဲ့ရတာ ၂ နှစ်လောက် ရှိခဲ့ပါပြီ။ ဒီအတောအတွင်း Full-view Display နဲ့ မျက်နှာပြင်ပြည့် ဖုန်းမော်ဒယ် အမြောက်အများ ထွက်ပေါ်ခဲ့ပြီး၊ အကြိတ်အနယ် ဈေးကွက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ သူ့ထက်ငါ မျက်နှာပြင်အပြည့် ဖြစ်နိုင်ဖို့ ကြိုးစားရင်းနဲ့ အခုဆို ပိုမိုဆန်းသစ်တဲ့ Pop-up ကင်မရာပါ ဖုန်းတွေကိုပါ စတင် မြင်တွေ့လာရပြီ ဖြစ်ပါတယ်။
လက်ရှိ ပြည်တွင်းဈေးကွက်အတွင်းမှာ Pop-up Selfie ကင်မရာပါတဲ့ ဖုန်းဆိုရင် OPPO F11 Pro နဲ့ Vivo V15 တို့ ရှိပါတယ်။ Pop-up ကင်မရာ ပါတာချင်း တူညီပေမယ့် အတွင်းက Specs တွေနဲ့ လုပ်ဆောင်ချက်တွေတော့ ကွဲပြားကြပါတယ်။ ဒါပေမယ့် မကြာမီအချိန်အတွင်း ပြည်တွင်းဈေးကွက်အတွင်းကို Pop-up ကင်မရာပါတဲ့ ဖုန်းမော်ဒယ်အသစ်တခု ဝင်လာဖို့ ရှိနေပါတယ်။ Huawei ရဲ့ Y9 Prime 2019 မော်ဒယ်ပါ။ ဂျွန်လအလယ်လောက် မိတ်ဆက်ဖို့ ရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ တချက်က Huawei Y9 Prime 2019 ဟာ ပြိုင်ဘက် OPPO F11 Pro, VIVO V15 တွေနဲ့ ယှဉ်ရင် ဈေးနှုန်း ပိုသက်သာမယ်လို့ သိထားရပါတယ်။

Price
ဈေးနှုန်းကနေ စယှဉ်မယ်ဆိုရင် Y9 Prime 2019 က အနိုင်ရနေပါတယ်။ အလားတူ Pop-up ကင်မရာပါတဲ့ ဖုန်းတွေထဲမှာ ဒေါ်လာ ၃၀၀ အောက်ပဲ ရှိတဲ့ တလုံးတည်းသော ဖုန်း ဖြစ်ပါတယ်။ ပေးရတဲ့ ဈေးနှုန်းနဲ့ ပြန်ရမယ့် ဒီဇိုင်းအရည်အသွေးက သုံးစွဲသူတွေ အကြိုက်ဖြစ်မှာပါ။ F11 Pro နဲ့ V15 ဖုန်းတွေက Y9 Prime ထက် ဈေးပို များနေတာကြောင့် သုံးစွဲသူတွေအနေနဲ့ တန်းတူတဲ့ ဖုန်းအချင်းချင်း ပိုက်ဆံ ပိုသုံးဖို့ ဝန်လေးကြပါလိမ့်မယ်။

Display

မျက်နှာပြင်အရ ယှဉ်မယ်ဆိုရင်တော့ ဖုန်းသုံးခုလုံးက အတူတူ နီးပါး ဖြစ်ပါတယ်။ Huawei Y9 Prime 2019 မှာ 6.59-inch, 2340×1080 pixels LCD Dispaly ကို အသုံးပြုထားပြီး၊ F11 Pro နဲ့ VIVO V15 တို့မှာ 6.53-inch LCD Display ကို သုံးထားပါတယ်။ Display သုံးခုလုံးက ရုပ်ထွက်အရည်အသွေး တူညီပေမယ့် Y9 Prime က အနည်းငယ် ကြီးပြီး၊ ကိုယ်ထည်နဲ့ စခရင် အချိုးအစားလည်း မဆိုစလောက် ပိုများသွားပါတယ်။

Performance

Huawei Y9 Prime မှာ Kirin 710 ကို အသုံးပြုထားပြီး၊ OPPO F11 Pro နဲ့ VIVO V15 တို့မှာတော့ Helio P70 SoC ကို အသုံးပြုထားပါတယ်။ Chipset နှစ်ခုလုံးက 12nm process နဲ့ ထုတ်လုပ်ထားတဲ့ Chipset တွေပဲ ဖြစ်ပြီး၊ စွမ်းဆောင်ရည်ချင်းလည်း မတိမ်းမယိမ်းပါပဲ။ ဒါပေမယ့် Kirin 710 ရဲ့ Mali-G51 MP4 ထက် Helio P70 ရဲ့ Mali-G72 MP3 GPU က ဂိမ်းမင်းနဲ့ 1080p Display မှာ အနည်းငယ် ပိုမို ကောင်းမွန်နိုင်ပါတယ်။ နေ့စဉ်အသုံးပြုရာမှာ ကြီးမားတဲ့ ကွာခြားမှုမျိုးတော့ မဟုတ်ပါဘူး။

USB

အခုခေတ်ဟာ USB Type-C ခေတ် ဖြစ်နေပါပြီ။ Type-C ဟာ ရိုးရိုး microUSB ထက် အားသွင်းနှုန်းနဲ့ ဒေတာ အကူးအပြောင်း ပိုမြန်တယ်ဆိုတာ အားလုံးအသိပါပဲ။ Type-C ကို ကျနော်အကြိုက်ဆုံးအချက်ကတော့ microUSB လို ကြိုးအနေအထား မှားထိုးမိတာမျိုး လုံးဝ မရှိတာပါ။ အသုံးလိုတာနဲ့ ကြိုက်တဲ့ အနေအထားအတိုင်း စိတ်အေးလက်အေး ထိုးသုံးရုံပါပဲ။ Huawei Y9 Prime 2019 မှာပဲ USB Type-C ပါပြီး၊ ကျန်ဖုန်းနှစ်ခုက microUSB နဲ့ ဖြစ်ပါတယ်။

Strorage
အခုခေတ် စမတ်ဖုန်းတွေဟာ တန်ဖိုးနည်းနည်းနဲ့ ကောင်းမွန်တဲ့ Specs တွေ ပါလာကြပါတယ်။ Huawei Y9 Prime နဲ့ VIVO V15 တို့မှာ Flagship ဖုန်းတလုံးအတိုင်း Storage 128GB အထိ ပါရှိပါတယ်။ OPPO F11 Pro မှာတော့ 64GB ပါရှိပါတယ်။ 64GB ပမာဏကလည်း မနည်းပေမယ့် တန်ဖိုးပိုနည်းတဲ့ Y9 Prime မှာ ဒီ့နှစ်ဆ 128GB အထိ ပါလာတာက စွဲမက်စရာ ဖြစ်ပါတယ်။

ဘက်ထရီဘက်ထရီကတော့ ဖုန်းအားလုံးမှာ 4,000mAh ဘက်ထရီ ကိုယ်စီ အသုံးပြုထားကြပါတယ်။ လည်ပတ်မှုစနစ် (OS) နဲ့ ဖုန်းစွမ်းဆောင်ရည်တို့က ဘက်ထရီသက်တမ်းအပေါ် စကားပြောတဲ့အတွက် ဘယ်ဖုန်းက ဘက်ထရီ ပိုခံမလဲ ဆိုတာတော့ လက်တွေ့ ယှဉ်သုံးကြည့်မှ သိမှာပါ။ ဒါပေမယ့် တချို့ Flagship ဖုန်းတွေထက်တောင် များပြားတဲ့ 4,000mAh ဘက်ထရီ ဆိုတော့ ဘက်ထရီသက်တမ်းကတော့ ပူစရာ လိုမှာ မဟုတ်ပါဘူး။

Digital Wellbeing
ဒီဂျစ်တယ်ပစ္စည်းတွေ အသုံးပြုမှုများတဲ့ ယခုခေတ်မှာ ကျနော်တို့ရဲ့ ကျမ္မာသုခ အခြေအနေကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဒါကို ဖုန်းကုမ္ပဏီတွေကလည်း သဘောပေါက်ကြပါတယ်။ သူတို့ ဖုန်းအသုံးပြုသူတွေရဲ့ ကျမ္မသုခ အဖြာဖြာ ကောင်းမွန်စေဖို့အတွက် အလေးထားဆောင်ရွက်လာကြပါတယ်။ ဖုန်းနဲ့ မျက်နှာ မခွာတဲ့ လူတွေအတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဘေးတွေကို လျော့ချနိုင်ဖို့အတွက် အရည်အသွေး ကောင်းမွန်တဲ့ စခရင်တွေကို ဖန်တီးထုတ်လုပ်လာကြပါတယ်။ Huawei Y9 Prime 2019 မှာ Blue light ထုတ်လွှတ်မှုကို လျော့ချပေးနိုင်တဲ့၊ TUV Rheinland အသိအမှတ်ပြု စခရင်ကို အသုံးပြုပေးထားပါတယ်။

ကင်မရာ
ဒီဖုန်းသုံးခုလုံးရဲ့ အဓိက ထူးခြားချက်က Pop-up ရှေ့ကင်မရာ တွေ ပါဝင်တာ ဖြစ်ပါတယ်။ ဖုန်းသုံးခုလုံးကို ယှဉ်လျက်ထားရင်တောင် Pop-up ကင်မရာ ဒီဇိုင်းချင်း မသိသာပါဘူး။ ထားတဲ့ နေရာလေးပဲ ကွဲသွားမှာပါ။ ဒါပေမယ့် ကင်မရာစနစ် အသုံးပြုပုံ မတူညီတာကြောင့် V15 ရဲ့ ကင်မရာက နောက်ကျောဘက်မှာ သိသိသာသာ ထူနေတာ တွေ့ရမှာပါ။

F11 Pro နဲ့ Y9 Prime 2019 မှာတော့ ကင်မရာအဖုက အပြင်ကို သိပ်ဖောင်းမထွက်နေဘဲ ကိုယ်ထည်နဲ့ ပြေပြစ်စွာ ရှိနေပါတယ်။ ကျောကင်မရာမှာတော့ OPPO F11 Pro မှာ V15 နဲ့ Y9 Prime 2019 လို မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ ကင်မရာလုပ်ဆောင်ချက် မပါဝင်တာ တွေ့ရပါတယ်။ ဒါအ့ပြင် Y9 Prime ဟာ ဘတ်ဂျတ်ဖုန်းတွေထဲမှာ Night Mode ဓာတ်ပုံရိုက်ကူးမှု လုပ်ဆောင်ချက် ပါတဲ့ ပထမဆုံး ဖြစ်လာမှာပါ။ Huawei P Series မှာ Low-light လုပ်ဆောင်ချက်တွေ စတင် ထည့်ပေးပြီးနောက် တန်ဖိုးနည်းဖုန်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းပေးလိုက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံအရည်အသွေး ပိုကောင်းဖို့အတွက် ကင်မရာအလုံးရေ ပိုများများ သုံးလေ့ရှိတဲ့ Huawei တခြား ဖုန်းစီးရီးတွေလိုပဲ အခု တန်ဖိုးနည်း Y9 Prime မှာလည်း ကျောကင်မရာ သုံးလုံး တိတိ အသုံးပြုပေးထားပါတယ်။ Y9 Prime ကော Vivo V15 ကော ကျောကင်မရာ သုံးလုံး ကိုယ်စီနဲ့ ဖြစ်ပေမယ့် F11 Pro မှာတော့ ကျောကင်မရာနှစ်လုံးပဲ ပါဝင်မှာပါ။

ဆန်းသစ်တဲ့ Pop-up ကင်မရာ ဒီဇိုင်း၊ ကျောကင်မရာသုံးလုံး၊ ကောင်းမွန်တဲ့ Display တွေကို ပေးစွမ်းထားတဲ့ Huawei Y9 Prime 2019 ဟာ ဒေါ်လာ ၃၀၀ အောက်နဲ့ ဖုန်းကောင်းကောင်းတလုံး လိုချင်သူတွေ အကြိုက်တွေ့မယ့် ဖုန်းဖြစ်လာနိုင်ပါတယ်။

{Unicode}

#

%d bloggers like this: