Android 10 Q Beta 3 ကို ဖုန်း ၂၁ လုံးမှာ ရပြီ

Google က သူ့ရဲ့ I/O Developer Conference မှာ Android 10 Q ရဲ့ လုပ်ဆောင်ချက်အသစ်များကို ကြေညာလိုက်ပါတယ်။ ဖိုင်နယ်ဗားရှင်းကို နွေရာသီ နှောင်းပိုင်းမှာ Pixel Device များအတွက် ဖြန့်ချီပေးမှာပါ။ ကုမ္ပဏီက Android 10 Q Beta 3 ကို ကုမ္ပဏီ ၁၃ ခုမှ စမတ်ဖုန်း ၂၁ လုံးမှာလည်း ရရှိပြီလို့ ပြောပါတယ်။

Android Beta ကို ထည့်သွင်းထားတဲ့ ဟန်းဆက် အရေအတွက်ဟာ ယခင်ကထက် များပြားလာပါတယ်။ ဒါဟာ Android OS တစ်ခုကနေ နောက်တစ်ခုကို အဆင့်မြှင့်ရာမှာ လျှင်မြန်စေတဲ့ Porject Treble ကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် Google I/O မှာ P Beta Program မှာ ပါဝင်တဲ့ ပါတနာ ၇ ခုမှ ဖုန်း ၈ လုံးသာ ရှိခဲ့ပါတယ်။ အခုတော့ အရင်နှစ်ကထက် ၂.၅ ဆ ပိုများလာပါပြီ။

Android Q Beta 3 ကို ရရှိသွားတဲ့ ဖုန်းများကတော့ Asus Zenfone 5z, Essential Phone, Huawei Mate 20 Pro, LG G8 ThinQ, Nokia 8.1, OnePlus 6T, Oppo Reno, Realme 3 Pro, Sony Xperia XZ3, Tecno Spark 3 Pro, vivo X27, vivo NEX S, vivo NEX A, Xiaomi Mi 9, Xiaomi Mi Mix 3 5G တို့ ဖြစ်ပါတယ်။

Ref : gsmarena

Android 10 Q Beta 3 ကို ဖုန်း ၂၁ လုံးမှာ ရပြီ

%d bloggers like this: