48MP Camera ပါလာမယ့် Realme X

Realme က နောက်ထွက်မယ့် Realme X မှာ AMOLED Display ပါမယ်လို့ မကြာခင်က အသိပေးခဲ့ပါတယ်။ အခုတော့ သူ့မှာ 48MP Sony IMX586 Sensor ပါမယ်လို့ အတည်ပြုလိုက်တဲ့ ပိုစတာတစ်ခုကို မျှဝေလိုက်ပါတယ်။ ဒါ့အပြင် ပိုစတာမှာ Realme 3 တွင် စတင် မိတ်ဆက်ခဲ့တဲ့ Nightscape Mode ကို Realme X တွင် ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ သူက ညအချိန်များ၊ အလင်းရောင် နည်းပါးချိန်များမှာ ဓါတ်ပုံကောင်းများ ဖန်တီးပေးနိုင်ပါတယ်။

Realme X မှာ Notch မပါဘဲ Pop-up Selfie Camera ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ 16MP Sensor ဖြစ်ပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်များအရ သူ့မှာ ၆.၅ လက်မ FHD+ Display နဲ့ 3680mAh Battery များ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းများအရ Realme X မှာ Snapdragon 730 SoC မောင်းနှင်မှာ ဖြစ်ပါတယ်။ OPPO ရဲ့ VOOC 3.0 Fast Charging ပါလာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်သွင်းထားနိုင်ပါတယ်။ သူ့ကို တရားဝင်ကြေညာဖို့ တစ်ပတ်လောက်သာ လိုပါတော့တယ်။

Ref : gsmarena

48MP Camera ပါလာမယ့် Realme X

%d bloggers like this: