Galaxy Fold ကြိုတင်မှာယူထားမှုများအား ဖျက်သိမ်းခွင့်ပေးလိုက်တဲ့ Samsung

Samsung က Galaxy Fold ရောင်းချမယ့် အချိန်ကို ရပ်နားထားပါတယ်။ အခုတော့ အမေရိကန်မှ ကြိုတင်မှာယူထားသူများအား ကုမ္ပဏီက အီးမေးများ ပို့လိုက်ပါတယ်။ အီးမေးမှာ Galaxy Fold ရဲ့ အခြေအနေဟာ တိုးတက်နေတယ်လို့ ပြောပေမယ့် ရောင်းချမယ့် အချိန်ကို မပြောနိုင်သေးကြောင်း ဝန်ခံထားပါတယ်။ လာမယ့် ရက်သတ္တပတ်များမှာ ရောင်းချမယ့် အချိန်ကို ပြောမယ်လို့ ရေးသားထားပါတယ်။

အမေရိကန် ကုန်သွယ်ရေး ကော်မရှင်ရဲ့ စည်းမျဉ်းများအရ ဆမ်ဆောင်းဟာ မေလ ၃၁ ရက် မတိုင်ခင်မှာ ဖုန်းကို မရောင်းချပေးနိုင်ရင် ကြိုတင်မှာယူထားမှုအားလုံးကို ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူထားမှုများဟာလည်း မေလ ၃၁ ရက်ကျော်ရင် အလိုအလျှောက် ပျက်သွားပြီ ဖြစ်ပါတယ်။ မေလ ၃၁ ရက်ကျော်တဲ့အထိ ကြိုတင်မှာယူထားမှုများကို Active ဖြစ်စေချင်ရင် အီးမေးမှာ လင့်တစ်ခုကိုလည်း ထည့်သွင်းပေးထားပါတယ်။ ကြိုတင်မှာယူထားမှုများကို မဖျက်ချင်သူများက လင့်ကို နှိပ်ပြီး စာရင်းပေးသွင်းထားနိုင်ပါတယ်။

Samsung က Display ပြဿနာကြောင့် Galaxy Fold ရောင်းချမှုကို နောက်ဆုတ်မယ်လို့ ဧပြီလ နှောင်းပိုင်းမှာ တရားဝင် ကြေညာလိုက်ပါတယ်။ Reviewer များကို စမ်းသပ်အသုံးပြုခွင့်ပေးထားတဲ့ Galaxy Fold များမှာ စကရင် ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက်မှာ ဆမ်ဆောင်းက ဒီလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref : techradar

Galaxy Fold ကြိုတင်မှာယူထားမှုများအား ဖျက်သိမ်းခွင့်ပေးလိုက်တဲ့ Samsung

%d bloggers like this: