အလန်းစား ဂရပ်ဖစ်တွေနဲ့ တိုက်ခိုက်ရမယ့် Elder Scrolls: Blades

Elder Scrolls: Blades ဟာ အသစ်ထွက်လာတဲ့ Role Playing Game (RPG) ဖြစ်ပါတယ်။ သူ့ရဲ့ ဂရပ်ဖစ်များက အရမ်းလန်းပါတယ်။ ကစားသူများဟာ Missions များကို အောင်နိုင်အောင် ကစားကြရမှာ ဖြစ်ပါတယ်။ ရန်သူများကြောင့် ပျက်ဆီးသွားတဲ့ မြို့တော်ကို ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အခြား ပလေယာများနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ခြင်းများလည်း ပါပါတယ်။

ဇာတ်လမ်းသွားများကလည်း အရမ်းကို စွဲဆောင်မှု ရှိပါတယ်။ သူဟာ Skyrim , Elder Scrolls Online များလိုတော့ ရှုပ်ထွေးခက်ခဲခြင်းမရှိပါဘူး။ သူ့ကို Skyrim ဂိမ်းနဲ့ ဆုရထားတဲ့ Bethesda Game Studios က ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်ကောင်များကို သင့် စိတ်ကြိုက် ဖန်တီးနိုင်ပါတယ်။ လက်နက်များ၊ ကိရိယာများကို ရှာဖွေရမှာပါ။ ဇာတ်ကောင်များရဲ့ စွမ်းရည်များကိုလည်း မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

သူ့ကို အကန့်အသတ်နဲ့သာ ဖြန့်ချီပေးထားပြီး လူတိုင်း ကစားလို့ မရသေးပါဘူး။ APK File ကို ဒေါင်းလုပ်လုပ်နိုင်မယ့်လင့်ကို အောက်မှာ ထည့်ပေးထားပါတယ်။

Download

အလန်းစား ဂရပ်ဖစ်တွေနဲ့ တိုက်ခိုက်ရမယ့် Elder Scrolls: Blades

%d bloggers like this: