Drone များ သုံးပြီး တိုက်ခိုက်နေတဲ့ သူပုန်များ

The Wall Street Journal က ယီမင်မှာ ခွဲထွက်ရေး သမားများဟာ ဈေးပေါတဲ့ ဒရုန်းများမှာ ဗုံးများ တပ်ဆင်ပြီး အစိုးရတပ်များကို တိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ယီမင် အစိုးရဟာ မြောက်ပိုင်းမှ Houthis ခွဲထွက်ရေး သူပုန်များနဲ့ ပြည်တွင်းစစ်ဖြစ်လာခဲ့တာပါ။

The Wall Street Journal က Houthi သူပုန်များဟာ ဒရုန်းများနဲ့ တိုက်ခိုက်ခြင်းကိုလည်း သင်တန်းများ ပေးထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒရုန်းများနဲ့ ကင်းထောက်ခြင်းများလည်း ပြုလုပ်ကြပါတယ်။ စုစုပေါင်း ဒရုန်း ၁၄၀ ကျော်ကို ပစ်ချထားခဲ့ပြီးပြီလို့ ပြောပါတယ်။ အရွယ်သေး ကနေလေယာဉ်ပျံ အရွယ် ဒရုန်းများအထိ သူပုန်များရဲ့ ဒရုန်းများဟာ တိုးတက်လာခဲ့ပါတယ်။

အဲဒီအထဲမှာ UAV-X လည်း ပါဝင်ပါတယ်။ သူဟာ တစ်နာရီလျှင် မိုင် ၁၅၀ နှုန်းနဲ့ မိုင် ၉၀၀ ကျော်ကို ပျံသန်းနိုင်တယ်လို့ United Nations ရဲ့ စုံစမ်းစစ်ဆေးသူများက ပြောပါတယ်။ သူပုန် အုပ်စုများရဲ့ ဒရုန်း အင်အားဟာ တောင့်တင်းလာတဲ့ အတွက် စိတ်ပူစရာ ဖြစ်ပါတယ်။ စစ်ပွဲဟာ ယီမင် နယ်ခြားကို ကျော်လွန်လာပြီး ပင်လယ်နီရဲ့ ကုန်တင် သင်္ဘောများကို ထိခိုက်လာနိုင်ပါတယ်။

The Wall Street Journal က Houthis သူပုန်များဟာ စစ်ပွဲမှာ ဒရုန်းများကို သုံးတဲ့ စစ်တပ်တစ်ခု ဖြစ်လာတယ်လို့ ရေးသားထားပါတယ်။ ထောက်လှမ်းရေး အရာရှိ အချို့က သူပုန်များဟာ အီရန်ထံကနေ အထောက်အပံ့များ ရနေတယ်လို့ ပြောပါတယ်။

Ref : theverge

Drone များ သုံးပြီး တိုက်ခိုက်နေတဲ့ သူပုန်များ

%d bloggers like this: