4,230mAh ဘက်ထရီနှင့် OPPO A5s စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံတွင် စတင်ဝယ်ယူနိုင်

 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ မေလ (၃) ရက်။     ။ OPPO Myanmar ၏ ထုတ်ကုန်အသစ် ဖြစ်သော ရေစက်ပုံစံ မျက်နှာပြင် နှင့် ကြီးမားသော 4230 mAH ဘက်ထရီ ပါဝင်သော OPPO A5s စမတ်ဖုန်းသစ်ကို မြန်မာနိုင်ငံအနှံ့တွင် ဧပြီလ (၂၃)ရက်နေ့မှ စတင်၍ ဝယ်ယူနိုင်နေပြီ ဖြစ်ပြီး အနီရောင် နှင့် အနက်ရောင် နှစ်ခုမှ မိမိနှစ်သက်သလို ဝယ်ယူနိုင်မည်ဖြစ် သည်။

OPPO A5s သည် ၆.၂လက်မ အရွယ်အစားရှိပြီး OPPO မှ ပထမဆုံးထုတ်လုပ်သည့် ရေစက်ပုံစံမျက်နှာပြင်ပြည့် ဒီဇိုင်းတို့ကို အသုံးပြုထားသည့် အပြင် ဘက်ထရီအားကုန်မြန်ခြင်း ပြဿနာကို ပြေလည်စေမည့် ကြီးမားပြီး ကြာရှည်ခံသော 4,230mAh ဘက်ထရီပမာဏ ပါဝင်လာပါသည်။ Android OS 8.1 ပေါ်တွင်အခြေခံထားသည့် OPPO ၏ကိုယ်ပိုင် ColorOS 5.2 version က ထိတွေ့သုံးစွဲမှုပိုင်းပိုမိုကောင်းမွန်စေသည့်အပြင် battery သက်တမ်းကိုပါ ပိုမိုကြာရှည်ခံ စေမည်ဖြစ်သည်။

OPPO ၏ A5s စမတ်ဖုန်းသစ်တွင် လှပသော Selfie ပုံရိပ်များကို ရိုက်ကူးနိုင်မည့် 8MP AI Beauty ရှေ့ဘက် ကင်မ ရာနှင့် ကောင်းမွန်သည့်ဓာတ်ပုံများနှင့် Portrait အလှပုံများ ရိုက်ကူးနိုင်စေရန် 13MP+2MP ကျောဘက်ကင်မရာ ၂ လုံးကိုလည်း တပ်ဆင်ပေးထားသည်။ OPPO A5s တွင် RAM 2GB နှင့် ROM 32 GB ပါဝင်မည်ဖြစ်ပြီး ဖုန်း၏ နောက်ကျောဘက်တွင် fingerprint sensor ကိုလည်း တပ်ဆင်ပေးထားပါသည်။ OPPO A5s တန်ဖိုးသင့် စမတ်ဖုန်းကို ၂၀၉,၉၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံအနှံ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည်။

#OppoMyanmar

%d bloggers like this: