လူ့ အသက်ကို ကယ်ခဲ့တဲ့ Drone

Drone နည်းပညာက နယ်ပယ်ပေါင်းစုံမှာ အသုံးဝင်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာလည်း သူ့ကို အသုံးချနေကြပါတယ်။ ဆေးဝါးများကို အချိန်မှီ ပို့ဆောင်ဖို့ သူတို့က အသုံးဝင်ပါတယ်။ အခုလည်း ဒရုန်းက လူ့အသက်ကို ကယ်တင်လိုက်ပါတယ်။ မယ်ရီလန်း တက္ကသိုလ်မှ သုတေသနပညာရှင်များက လျှင်မြန်စွာ အစားထိုးဖို့ လိုအပ်နေတဲ့ အမျိုးသမီး လူနာတစ်ဦးထံကို ဒရုန်းက ကျောက်ကပ်ကို အချိန်မှီ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒရုန်းက လူ့အသက်ကို ကယ်လိုက်တဲ့ ကမ္ဘာ့ ပထမဆုံး ဖြစ်ရပ်ပါ။

ဒရုန်းက သုံးမိုင် အကွာအဝေးကို ပျံသန်းပြီး ပို့ဆောင်ပေးခဲ့တာပါ။ မယ်ရီလန်း တက္ကသိုလ်ရဲ့ ဆေးပညာဌာနမှာ ခွဲစိတ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းနဲ့ ပို့ဆောင်ခြင်းက သမားရိုးကျ နည်းလမ်းများထက် ပိုပြီး မြန်ဆန်၊ စိတ်ချရပါတယ်။ ယခု ဒရုန်းနဲ့ ကျောက်ကပ် ပို့ဆောင်မှုကို အစားထိုး သမားတော်များ၊ မယ်ရီလန်း ဆေး တက္ကသိုလ်၊ မယ်ရီလန်း တက္ကသိုလ်ရဲ့ လေကြောင်းပျံသန်းမှု အင်ဂျင်နီယာများ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အသုံးပြုခဲ့တဲ့ ဒရုန်းမှာ ပန်ကာ ၈ ခု တပ်ဆင်ထားပါတယ်။ ဒရုန်းပျက်ကျရင် လေထီးနဲ့ ဆင်းသက်နိုင်ပါတယ်။ လူသား ကိုယ်အင်္ဂါများကို လုံခြုံစိတ်ချစွာ ထည့်သွားနိုင်တဲ့ ဘူးလေး ပါရှိပါတယ်။ လေယာဉ်များ၊ လေကြောင်းလိုင်းများနဲ့ ပို့ဆောင်ရင် နှောင့်နှေးကြန့်ကြာမှုများ ရှိတယ်လို့ ပညာရှင်များက ထောက်ပြပါတယ်။ ဒီလို လူသား ကိုယ်အင်္ဂါများကို ပို့ဆောင်ဖို့ ဒရုန်းများက အသင့်တော်ဆုံးလို့ ပညာရှင်များက ပြောပါတယ်။

Ref : digitaltrends

လူ့ အသက်ကို ကယ်ခဲ့တဲ့ Drone

%d bloggers like this: