၂၀၁၈ မှာ iPhone X က ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ခဲ့

Counterpoint Research က ၂၀၁၈ တွင် တစ်ကမ္ဘာလုံးနဲ့ တရုတ်မှာ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း စာရင်းကို ပြုစုခဲ့ပါတယ်။ အနိုင်ရသွားသူက iPhone X ပါ။ iPhone 8 နဲ့ iPhone 8 Plus က နံပါတ် ၂ နဲ့ ၃ နေရာကို သိမ်းပိုက်ထားပါတယ်။ iPhone 7 က နံပါတ် ၄ နေရာမှာပါ။ နံပါတ် ၅ နေရာမှာ Xiaomi Redmi 5A ရှိနေပါတယ်။

တရုတ်မှာတော့ ရလဒ်က အနည်းငယ် ကွဲပြားပါတယ်။ ရောင်းအား အကောင်းဆုံးက OPPO R15 ပါ။ iPhone X က နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပါတယ်။ ထိပ်ဆုံး ၄ လုံးစာရင်းမှာ OPPO Phone နောက် ၂ လုံး ပါနေပါတယ်။ စွမ်းဆောင်ရည်သင့် OPPO A5 နဲ့ တန်ဖိုးနည်း OPPO A83 တို့ ဖြစ်ကြပါတယ်။
Counterpoint က ဒီ သတင်းအချက်အလက်များကို ဝီဘိုကနေ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောင်းအား အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပါဘူး။ ထိပ်ဆုံး အိုင်ဖုန်း ၃ လုံးရဲ့ ရောင်းအားဟာ သန်း ၁၀၀ နီးပါး ရှိပြီး iPhone XS Max နဲ့ iPhone XR တို့က ၁၆ သန်းစီ ရောင်းချရတယ်လို့သာ သိရပါတယ်။ တစ်ကမ္ဘာလုံး ရောင်းအား အကောင်းဆုံး စာရင်းမှာ Apple iPhone ၆ လုံးတောင် ပါနေပါတယ်။ ဆမ်ဆောင်းက ၃ လုံး ပါပါတယ်။

တရုတ်ရဲ့ ရောင်းအား အကောင်းဆုံး ဖုန်း ၁၀ လုံး စာရင်းမှာ ၈ လုံးက ပြည်တွင်းဖြစ် ဖုန်းများပါ။ ကျန် ၂ လုံးက iPhone X နဲ့ iPhone 8 Plus ဖြစ်ပါတယ်။ ထူးခြားတာက ဟွာဝေးရဲ့ ဖုန်းများ မပါလာတာပါ။

Ref : gsmarena

၂၀၁၈ မှာ iPhone X က ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ခဲ့

%d bloggers like this: