ခရီးဆောင်အိတ်များကို သယ်ပေးမယ့် လေဆိပ်မှ စက်ရုပ် ဝန်ထမ်း

လေဆိပ်များဟာ အရွယ်အစား ကြီးမားပြီး လူများစွာ ရှိတဲ့အတွက် သင်သွားမယ့် ဂိတ်ပေါက်များကို ရှာဖွေရတာ မလွယ်ကူပါဘူး။ လေဆိပ်ထဲမှာ တိုင်ပတ်နေကြရပါတယ်။ အခုတော့ KLM Royal Dutch Airlines က လေဆိပ်မှာ ခရီးသည်များကို ကူညီပေးမယ့် စက်ရုပ်ကို ဖန်တီးလိုက်ပါတယ်။

စက်ရုပ်ရဲ့ အမည်မှာ Care-E ဖြစ်ပြီး သူက Security Checkpoint ကနေ ခရီးသွားများ သွားမယ့်နေရာကို လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ သူက ခရီးဆောင်အိတ်များကိုလည်း သယ်ဆောင်ပေးနိုင်ပါတယ်။ သူက သင့်ရဲ့ Boarding Pass ကို အရင်ဆုံး စစ်ဆေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သင့်လိုရာ ခရီးကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ KLM က စက်ရုပ်ကို New York ရဲ့ JFK နဲ့ San Francisco ရဲ့ Internatioinal လေဆိပ်များမှာ အရင်ဆုံး ထားရှိပေးထားမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အခြား လေဆိပ်များမှာ ထားရှိဖို့ စီစဉ်ထားပါတယ်။

Care-E ဟာ တစ်နာရီလျှင် ၃ မိုင်နှုန်းဖြင့် သွားနိုင်တဲ့အတွက် အလျင်စလို သွားချင်တဲ့ ခရီးသည်များအတွက်လည်း အဆင်ပြေပါတယ်။ KLM က ဇူလိုင်နဲ့ သြဂုတ်လများမှာ စက်ရုပ်ကို စတင် ထားရှိပေးထားဖို့ မျှော်လင့်ထားပါတယ်။

ကုမ္ပဏီများစွာဟာ သူ့လို လေဆိပ် အကူအညီပေးတဲ့ စက်ရုပ်များကို ဖန်တီးနေကြပါတယ်။ ဒါပေမယ့် ဘက်ထရီ အပေါ် လေဆိပ်များရဲ့ မူဝါဒ အပြောင်းအလဲများကြောင့် မအောင်မြင်ခဲ့ပါဘူး။ အတိတ်မှာ ဒီလို ပြဿနာမျိုးဖြစ်ပွားခဲ့ပေမယ့် Care-E ကတော့ အဆင်ပြေလိမ့်မယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Ref : theverge

ခရီးဆောင်အိတ်များကို သယ်ပေးမယ့် လေဆိပ်မှ စက်ရုပ် ဝန်ထမ်း

%d bloggers like this: