Mercedes-Benz ရဲ့ မိခင် ကုမ္ပဏီ Daimler နဲ့ ကားအစိတ်အပိုင်း ထောက်ပံ့သူ Bosch တို့ဟာ ယခုနှစ် ဒုတိယ နှစ်ဝက်ကစပြီး San Francisco Bay Area မှာ မောင်းသူမဲ့ တက္ကစီကားများကို စမ်းသပ်မှာပါ။ ကားများကို အများပြည်သူ အခမဲ့ စီးနင်းနိုင်ပြီး Ride Sharing ဝန်ဆောင်မှု ပါပါတယ်။ အဲဒီကားများမှာ Nvidia ရဲ့ မောင်းသူမဲ့ ကားနည်းပညာကို အသုံးပြုထားမှာ ဖြစ်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းများမှာ မောင်းနှင်မှာပါ။ တည်နေရာ အတိအကျနဲ့ စမ်းသပ်မယ့် ကာလ အပိုင်းအခြားကို မပြောကြားသေးပါဘူး။
Daimler က Mercedes S-Class Car သို့မဟုတ် V-Class Vans များကို အသုံးပြုဖို့ စဉ်းစားနေပါတယ်။ နှစ်မျိုးစလုံးကိုလည်း သုံးနိုင်ပါတယ်။ မောင်းသူမဲ့ တက္ကစီများကို စမ်းသပ်ပြေးဆွဲတဲ့ အခါမှာ စောင့်ကြည့်လိုက်ပါမယ့် လူတစ်ဦးတော့ ပါလာမှာ ဖြစ်ပါတယ်။ စတီယာရင်နဲ့ ခြေနင်းများကိုလည်း မဖယ်ရှားထားပါဘူး။
Mercedes-Benz နဲ့ မိခင် ကုမ္ပဏီ Daimler တို့ဟာ မောင်းသူမဲ့ ကား စီမံကိန်းများစွာကို ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ F-015 or Smart Vision EQ တို့ ပါဝင်ပါတယ်။ မောင်းသူမဲ့ ကားများရဲ့ Brain လို့ ခေါ်တဲ့ အဓိက နည်းပညာကို ဒီနယ်ပယ်မှာ ဦးဆောင်နေတဲ့ Nvidia ကနေ Daimler က အသုံးပြုထားမှာ ဖြစ်ပါတယ်။ Daimler က Nvidia ရဲ့ Drive Pegasus မောင်းသူမဲ့ နည်းပညာ အချို့ကို အသုံးပြုမှာ ဖြစ်ပေမယ့် သူ့ကိုယ်ပိုင် ဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲများကိုလည်း အသုံးပြုမယ်လို့ ပြောပါတယ်။
Ref : theverge
မောင်းသူမဲ့ တက္ကစီကားများ စမ်းသပ်တော့မယ့် Mercedes-Benz