၁ လလောက် အသုံးခံတဲ့ ဘက်ထရီပါတဲ့ စမတ်နာရီ

စမတ်နာရီများဟာ အရွယ်အစား သေးငယ်တဲ့အတွက် အရွယ်ကြီး ဘက်ထရီများ ထည့်သွင်းလို့ မရပါဘူး။ အဲဒီအတွက် စမတ်နာရီများရဲ့ ဘက်ထရီ သက်တမ်းဟာ တစ်ရက်လောက်သာ ရှိပါတယ်။ ဒါပေမယ့် အခုတော့ အားအပြည့်သွင်းထားရင် ငါးရက်ကနေ တစ်လလောက်အထိ အသုံးခံတဲ့ စမတ်နာရီ တစ်လုံးကို Mobvoi က မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ TicWatch Pro ဖြစ်ပါတယ်။

ဒီလို ဘက်ထရီ အသုံးခံအောင် ပြုလုပ်ပေးနိုင်တာက အဖြူ၊ အမည်းသာ ပြသပေးတဲ့ မျက်နှာပြင် အပိုတစ်ခုကြောင့် ဖြစ်ပါတယ်။ အပို မျက်နှာပြင်ဟာ Film compensated Super Twisted Nematic (FSTN) LCD ဖြစ်ပါတယ်။ သူဟာ ဖောက်ထွင်းမြင်ရပြီး OLED ရဲ့ အထက်မှာ ထည့်ထားပါတယ်။

သင် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့ အချိန်များမှာ အဖြူ၊ အမည်း စကရင်ကနေ အချိန်၊ ရက်စွဲ၊ လမ်းလျှောက်တဲ့ ခြေလှမ်း၊ နှလုံးခုန်နှုန်းများကို ပြသပေးပါတယ်။ အဖြူ၊ အမည်းသာ ပြသပေးတဲ့အတွက် ဘက်ထရီ စားသုံးမှု အလွန် သက်သာတာ ဖြစ်ပါတယ်။ OLED Display ကနေ အရောင်များဖြင့် ကြည့်ချင်ရင်တော့ Smart Mode ကို ပြောင်းရမှာ ဖြစ်ပါတယ်။

စမတ်နာရီမှာ Apps နဲ့ Google Assistant များကိုလည်း သုံးနိုင်ပါတယ်။ IP68 စံနှုန်းရှိပြီး ရေစိုခံသလို ဖုန်မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာ Google Pay အတွက် NFC Chip လည်း ပါပါတယ်။ တည်နေရာ ညွှန်ပြမှုအတွက် ဂျီပီအက်စ် တပ်ဆင်ထားပါတယ်။ Android Wear OS ထည့်သွင်းထားပါတယ်။

Ref : tnw

၁ လလောက် အသုံးခံတဲ့ ဘက်ထရီပါတဲ့ စမတ်နာရီ

%d bloggers like this: