3/64GB Model ထွက်လာတဲ့ Realme 3

Realme 3 အတွက် 3/32GB နဲ့ 4/64GB များကိုသာ ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ 3/64GB Model ကို ရောင်းချပေးလိုက်ပါတယ်။ အိန္ဒိယမှာ မေလ ၂ ရက်နေ့တွင် ရောင်းချမှာ ဖြစ်ပါတယ်။ Flipkart နဲ့ ကုမ္ပဏီရဲ့ အွန်လိုင်း စတိုးများကနေ ရောင်းချမှာပါ။ သူ့ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။ မူလမော်ဒယ်ရဲ့ ဈေးက ရူပီး ၁၀ ၀၀၀ ( ၁၄၃ ဒေါ်လာ) ရှိပါတယ်။

အခြား Specs များက မူလမော်ဒယ်နဲ့ တူညီပါတယ်။ သူ့မှာ ဒီဇိုင်း အနည်းငယ်ဆန်းသစ်ထားပြီး ဟာ့ဒ်ဝဲ အသစ်များ၊ ဆော့ဖ်ဝဲ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အိန္ဒိယမှာ ရောင်းမယ့် ဗားရှင်းမှာ Helio P70 ကို သုံးထားတာက ယခင်မျိုးဆက်များထက် ပိုကောင်းလာပါတယ်။ ၆.၂ လက်မ HD+ Display ထည့်သွင်းထားပြီး အရွယ်သေး Notch ပါပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main Camera နဲ့ 2MP Depth Sensor ထည့်ထားပါတယ်။ Low-light မှာ ဓါတ်ပုံများ ကောင်းမွန်စေတဲ့ Nightscape နဲ့ Dynamic Range , Colors များကို တိုးတက်စေတဲ့ Chroma Boost လို လုပ်ဆောင်ချက်များ ပါပါတယ်။ AI Face Unlock ပါတဲ့ 13MP Camera ကို အရှေ့မှာ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါပါတယ်။

အရွယ်ကြီး 4230mAh Battery ထည့်သွင်းထားပေမယ့် လျှင်မြန်စွာ အားသွင်း စနစ်တော့ မပါပါဘူး။ Android Pie အခြေပြု ColorOS 6 ပါပါတယ်။ Standard Black , Dynamic Black , Radiant Blue အရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

3/64GB Model ထွက်လာတဲ့ Realme 3

%d bloggers like this: