16MP Selfie Camera ပါတဲ့ Vivo Z3x ကို ကြေညာ

Vivo က Z3x အမည်ရ စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ သူဟာ ဆဲလ်ဖီး ကင်မရာကလွဲပြီး အခြား Specs များက Z1 နဲ့ တူပါတယ်။ Notch မှာ 16MP Selfie Camera တပ်ဆင်ထားပါတယ်။ သူ့မှာ ၆.၂၆ လက်မ 19:9 LCD Display ပါပြီး အရည်အသွေးမှာ 2280x1080p ဖြစ်ပါတယ်။

သူ့မှာ Qualcomm Snapdragon 660 Chipset ထည့်သွင်းထားတဲ့အတွက် စွမ်းဆောင်ရည်သင့် အမျိုးအစား ဖြစ်ပါတယ်။ 4GB RAM ထည့်ပေးထားပါတယ်။ အနောက်ဘက်မှာ 13MP+2MP Dual Camera ပါပါတယ်။
Hybrid SIM Slot ပါတဲ့အတွက် SIM Card Slot တစ်ခုကို microSD Card နဲ့ မျှေ၀ အသုံးပြုရမှာ ဖြစ်ပါတယ်။ 3260mAh Battery ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ Android Pie အခြေပြု Funtouch OS 9 ထည့်သွင်းထားပါတယ်။

အနက်၊ အပြာနဲ့ အနီရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ယွမ် ၁၁၉၈ သတ်မှတ်ထားပြီး ၁၈၀ ဒေါ်လာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ Vivo ရဲ့ အွန်လိုင်းစတိုးကနေ မေလ ၁ ရက်နေ့မှာ ကြိုတင်မှာယူနိုင်ပါပြီ။ တစ်ပတ်အကြာမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena

16MP Selfie Camera ပါတဲ့ Vivo Z3x ကို ကြေညာ

%d bloggers like this: