၈ မိနစ်အတွင်းမှာ အလုံးရေ ၁၇၀ ၀၀၀ ရောင်းချရတဲ့ Realme 3 Pro

မကြာခင်ကပဲ Realme 3 Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ပထမဆုံး အသုတ်ကို ရောင်းချပေးလိုက်ပါတယ်။ ၈ မိနစ်အတွင်းမှာ အလုံးရေ ၁၇၀ ၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဒုတိယနဲ့ တတိယ အသုတ်များမှာ ဒီထက် ရောင်းအားကောင်းလာနိုင်ပါတယ်။

Realme 3 Pro မှာ ၆.၃ လက်မ Full HD+ Screen , Snapdragon 710 Chipset များ ပါပါတယ်။ Realme 3 ထက် ကင်မရာများ ပိုကောင်းလာပြီး RAM ပိုပါလာပါတယ်။ အနောက်ဘက်မှာ 16MP+5MP Dual Camera များ ထည့်သွင်းထားပါတယ်။ Realme 3 ရဲ့ 13MP Camera ထက် ပိုကောင်းတဲ့ 25MP Selfie Camera ပါပါတယ်။ အနောက်ဘက်မှာလက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

4/64 GB, 6/64 GB, 6/128 GB များ ရွေးချယ်နိုင်ပါတယ်။ 256GB အထိ ဝင်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Android Pie အခြေပြု Color OS 6.0 မောင်းနှင်ထားပါတယ်။ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံများ ရိုက်ကူးပေးနိုင်တဲ့ Chroma Boost နဲ့ အလင်းရောင် နည်းပါးချိန်များမှာ အလန်းစား ဓါတ်ပုံများ ရိုက်ကူးပေးနိုင်တဲ့ Nightscape Mode များ ပါပါတယ်။ 960fps HD Slo-mo Video များ ရိုက်ကူးပေးနိုင်ပါတယ်။

ဘက်ထရီက 4045mAh ဖြစ်ပါတယ်။ Realme ဟာ OPPO ရဲ့ လက်အောက် ကုမ္ပဏီ ဖြစ်တဲ့ အတွက် OPPO ရဲ့ လျှင်မြန်စွာ အားသွင်းစနစ် VOOC 3.0 ပါလာပါတယ်။ 20W Charger ထည့်ထားပါတယ်။ ဒါပေမယ့် micro USB Port သာ ပါတာက ၂၀၁၉ ခုနှစ်မှာ မဖြစ်သင့်တော့ပါဘူး။ အညို၊ အပြာနဲ့ ခရမ်းရောင်များ ရွေးချယ်နိုင်ပါတယ်။ 4/64GB ကို ၂၀၀ ဒေါ်လာ နဲ့ 6/128GB ကို ၂၄၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena

၈ မိနစ်အတွင်းမှာ အလုံးရေ ၁၇၀ ၀၀၀ ရောင်းချရတဲ့ Realme 3 Pro

%d bloggers like this: