1 Shares 184 Views

TP-Link က Android စမတ်ဖုန်းသုံးလုံးကို စတင်ဖြန့်ချိ

Jan 11, 2016
1 184

နာမည်ကျော် နက်ဝေါ့ခ်ပစ္စည်းထုတ်လုပ်တဲ့ကုမ္ပဏီ TP-Link ကလည်း Neffos ဆိုတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်နဲ့  မိုဘိုင်းဖုန်းဈေးကွက်ထဲကို စတင်ဝင်ရောက်လာပါပြီ။

တရုတ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ TP-Link ဟာ SIM ကတ်နှစ်ကတ်ထိုး Neffos C5 Max ၊ Neffos C5 နဲ့ Neffos C5L ဆိုတဲ့ Android 5.1 Lollipop စနစ်သုံး စမတ်ဖုန်းသုံးလုံးကို လွန်ခဲ့တဲ့ကြာသပတေးနေ့ က စတင်ကြေငြာလိုက်ပါတယ်။

တန်ဖိုးအနည်းဆုံးလိုချင်သူတွေအတွက်ကတော့ ဒီ C5 စီးရီးထဲကနေ C5L ဖုန်းမော်ဒယ်ကို ရွေးချယ်နိုင်ပါတယ်။ ဒီဖုန်းမှာ ၄.၅ လက်မအရွယ်မျက်နှာပြင်၊ 854×480 resolution ရှိတဲ့မျက်နှာပြင်နဲ့ quad-core Snapdragon 210 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ RAM ကတော့ 1 GB ရှိပြီး အတွင်းပိုင်းမှတ်ဥာဏ်ပမာဏ (internal memory) 8 GB ပါရှိကာ 32 GB microSD ကတ်အထိ ထပ်စိုက်နိုင်မှာပါ။ ကျောဘက်ကင်မရာက 8 megapixel နဲ့ ၊ ရှေ့ ဘက်ကင်မရာ 2 megapixel ပါရှိတာကြောင့် ဓာတ်ပုံရိုက်ချင်သူတွေ အတွက်လည်း အသင့်အတင့်ကောင်းမွန်တဲ့တန်ဖိုးနည်းဖုန်းတစ်ခုဖြစ်ပါတယ်။

C5 ကတော့ အလယ်အလတ်တန်းစားဖုန်းတစ်မျိုးဖြစ်ပါတယ်။ ၅ လက်မအရွယ် နဲ့ 720p HD မျက်နှာပြင်၊ quad-core MediaTek MT6735 ပရိုဆက်ဆာ ပါရှိပြီး RAM က 2GB တောင်ပါရှိတာမို့  ဂိမ်းဆော့ချင်သူတွေ၊ စွမ်းဆောင်ရည်မြင့် ဖုန်းလိုချင်သူတွေအတွက်တော့ သင့်လျော်တဲ့ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ကျောဘက်ကင်မရာကတော့ 8 megapixel ပဲ ဖြစ်ပြီး ရှေ့ ဘက်ကင်မရာကတော့ 5 megapixel ဖြစ်သွားပါတယ်။

နောက်ဆုံးဖုန်းတစ်လုံးဖြစ်တဲ့ C5 Max ကတော့ ယခုဈေးကွက်အတွင်းက ဖုန်းအများစုလိုပဲ ၅.၅ လက်မအရွယ် မျက်နှာပြင်၊ 1080 p မျက်နှာပြင် နဲ့ RAM 2 GB ၊ အတွင်းပိုင်းသိုလှောင်နိုင်မှု 16 GB ပါရှိပြီး octa-core MT6753 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။ Max မှာ 13 megapixel ရှိတဲ့ ကျောဘက်ကင်မရာ နဲ့ LED မီးလုံးနှစ်လုံးပါဝင်တဲ့ 5 megapixel ရှေ့ ကင်မရာကို အသုံးပြုထားတာကြောင့် Selfie ၀ါသနာအိုးတွေ အကြိုက်တွေ့ မယ့် ဖုန်းမျိုးဖြစ်ပါတယ်။ ဖုန်းသုံးမျိုးလုံးဟာ အညိုရင့်ရောင်နဲ့ ပုလဲဖြူုရောင် ဆိုပြီး နှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပါ။

ဒီဖုန်းသုံးမျိုးလုံးရဲ့ဈေးနှုန်းကိုတော့ TP-Link က ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးဘဲ ၂၀၁၆ ခုနှစ်၊ ပထမသုံးလအတွင်း ဈေးကွက်ထဲဝင်ရောက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: Gadgets360

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category