8K Video Recording ပါလာတဲ့ Nubia Red Magic 3 ကို ကြေညာ

Gaming Smartphone ဖြစ်တဲ့ Nubia Red Magic 3 ကို တရားဝင် ကြေညာလိုက်ပါတယ်။ သူ့မှာ 12GB RAM နဲ့ စွမ်းရည်မြင့် Specs များ ပါပါတယ်။ 8K Video Recording နဲ့ 1920 fps Slow-mo Video Recording များ ထည့်ထားပါတယ်။ သူ့မှာ ၆.၆၅ လက်မ AMOLED Display ပါပြီး 90 Hz Refresh Rate ကို ထောက်ပံ့ပါတယ်။ 240 Hz Touch Refresh Rate ရှိပါတယ်။

Gamer တွေက ဓါတ်ပုံ သိပ်မရိုက်ဘူးလို့ ယူဆတဲ့ အတွက် သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ တစ်လုံးသာ ထည့်ထားပါတယ်။ 48MP Camera ဖြစ်ပါတယ်။ ဒုတိယမျိုးဆက် ICE Liquid Cooling နဲ့ ပန်ကာတစ်လုံး ပါပါတယ်။ ဖုန်းရဲ့ အပူချိန်ကို ၁၆ ဒီဂရီ ဆဲလ်ဆီးယပ်အထိ လျှော့ချပေးနိုင်ပါတယ်။ အဲဒီအတွက် အပူထုတ်လွှတ်မှုများတဲ့ ဂိမ်းများကိုတောင် ကောင်းကောင်း ကစားနိုင်ပါတယ်။
ဖုန်းရဲ့ ညာဘက်အထက်မှာ Action Button တစ်ခု ရှိပါတယ်။ ဂိမ်းကစားတဲ့ အခါမှာ အဲဒီ ခလုတ်ကို အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်မှာ စိန်ပုံသဏ္ဍာန် လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ အရွယ်အစား ကြီးမားတဲ့ 5000mAh Battery ထည့်ထားပါတယ်။ 27W Fast Charging ပါပါတယ်။
6/64GB ကို ၄၃၀ ဒေါ်လာ ၊ 6/128GB ကို ၄၇၅ ဒေါ်လာ၊ 8/128GB ကို ၅၂၀ ဒေါ်လာနဲ့ 12/256GB ကို ၆၄၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မေလ ၃ ရက်မှာ တရုတ်တွင် စတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena

8K Video Recording ပါလာတဲ့ Nubia Red Magic 3 ကို ကြေညာ

%d bloggers like this: