ကြိုတင်မှာယူနိုင်ပြီဖြစ်သော OPPO F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်း

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဧပြီလ (၃၀) ရက် ။ ။ လူငယ်များအကြိုက်တွေ့စေမည့် ခေတ်မီဆန်းသစ်သော စမတ်ဖုန်းများ အစဉ်မိတ်ဆက်ပေးလျက်ရှိသည့် OPPO သည် ပရိသတ်အင်အားအခိုင်အမာရရှိထားသည့် Marvel ကုမ္ပဏီနှင့်ပူးပေါင်း၍ OPPO F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်းကို ဧပြီလ (၂၆) ရက်တွင် ရန်ကုန်မြို့ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံ၌ မိတ်ဆက်ခဲ့သည်။ Marvel’s Avengers Limited Edition စမတ်ဖုန်းကို Marvel ပရိသတ်များ အထူးမျှော်လင့်စောင့်စားနေသည့် Avengers: Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသည့်နေ့တွင် မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ယင်းမိတ်ဆက်ပွဲသို့ OPPO Myanmar မှ တာဝန်ရှိလူကြီးမင်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီးပွားရေးမိတ်ဖက်ကုမ္ပဏီများ၊ သတင်းမီဒီယာများ၊ OPPO စမတ်ဖုန်းသုံးစွဲသူ O-fan များနှင့် OPPO Brand Ambassador များဖြစ်သော ဝတ်မှုန်ရွှေရည်၊ ပိုင်ဖြိုးသုနှင့် ပိုင်တံခွန်တို့ တက်ရောက်ခဲ့သည်။


OPPO F11 Pro Marvel’s Avengers Limited Edition ဖုန်းတွင် Avengers အဖွဲ့ခေါင်းဆောင် Captain America ကဲ့သို့ လှပခံ့ညားသောစမတ်ဖုန်းကိုယ်ထည်ဒီဇိုင်း၊ Iron Man ၏ ပျံသန်းနိုင်သော ချပ်ဝတ်တန်ဆာကဲ့သို့ နည်းပညာ အဆင့်အတန်းမြင့်မားသည့် Rising Camera၊ Thor ၏ မိုးကြိုးလျှပ်စီးအစွမ်းကဲ့သို့ အလွန်မြန်ဆန်သည့် VOOC 3.0 အားသွင်းစနစ်၊ ခံနိုင်ရည်အားကောင်းသော တည်ဆောက်မှုရှိသည့် Hulk ကဲ့သို့ 6GB RAM + 128GB ROM သိုလှောင်မှုပမာဏ၊ Black Widow ကဲ့သို့ ပေါ့ပါးသွက်လက်မြန်ဆန်သော Hyper Boost စနစ်နှင့် ညအချိန်တွင်ပင် မှန်ကန်တိကျစွာ မြားပစ်နိုင်သည့် Hawkeye ကဲ့သို့ အလင်းမှိန်မှိန်တွင် ပုံရိပ်များကို ထင်ရှားစွာရိုက်ကူးနိုင်သည့် 48MP ပါ ကျောဘက်ကင်မရာနှစ်လုံးတို့ ပါရှိသည်။


F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်းအရောင်သည် Avengers: Endgame ရုပ်ရှင်ဇာတ်ကားမှ စေ့ဆော်ဖန်တီးထားသည့် Space Blue အရောင်ဖြစ်သည်။ ဖုန်းကိုယ်ထည်နောက်ခံကို အပြာရောင်ဆဋ္ဌဂံအကွက်လေးများနှင့် OPPO အမှတ်တံဆိပ်ရောင်ပြေးများဖြင့် အလှဆင်ထားသည်။ အနီရောင်ရင့်ရင့်ရှိသော Avengers logo သည် အပြာရောင်နောက်ခံနှင့်အတူ ဆွဲဆောင်မှုရှိသော အနီနှင့်အပြာ ဆန့်ကျင်ဘက်အရောင်ပေါင်းစပ်မှုကို ဖန်တီးပေးရုံသာမက ဖုန်းဘေးဘက်ရှိ အနီရောင်ခလုတ်ကိုလည်း သိသာထင်ရှားစေသည်။ စမတ်ဖုန်းကျောဘက်ရှိ ကြီးမားသောတစ်ပိုင်းတစ်စ logo နှင့် ကင်မရာများအပေါ်ဘက်ရှိ ပြည့်စုံသည့် logo များဖြင့် Limited Edition စမတ်ဖုန်းကို အနုပညာမြောက်စေမည်ဖြစ်သည်။ ရင်သပ်ရှုမောဖွယ် Panoramic Screen နှင့် တွေ့မြင်ရမည့် Limited Edition ဖုန်းတွင် အမြင်အာရုံကို ညှို့ယူဖမ်းစားနိုင်သော Avengers Logo Wallpaper လည်းပါရှိမည်ဖြစ်သည်။

blank
OPPO F11 Pro Marvel’s Avengers Limited Edition စမတ်ဖုန်းသည် Avengers ကိုယ်စားပြု အမှတ်တံဆိပ်များစွာပါရှိသည့် ကွဲပြားမှုထုတ်ပိုးမှုပုံစံနှင့် အလုံးရေအကန့်အသတ်ဖြင့် ထွက်ရှိလာသည့်အပြင် Avengers စူပါဟီးရိုးဇာတ်ကောင်များ၏ ပေါ်လွင်ထင်ရှားသော လက္ခဏာများပါရှိသောကြောင့် ကမ္ဘာတစ်ဝန်းရှိ Marvel ပရိသတ်များ အတွက်သာမက OPPO ပရိသတ်များအတွက်ပါ စိတ်လှုပ်ရှားဖွယ်အမှတ်တရဖြစ်စေမည်ဖြစ်သည်။
ခံ့ညားသော Avengers စူပါဟီးရိုးများ၏ ထင်ရှားသည့် အမှတ်အသားများနှင့် OPPO F11 Pro Marvel’s Avengers Limited Edition ဖုန်းကို မြန်မာကျပ်ငွေ (၅၅၉,၉၀၀) ကျပ်ဖြင့် မေလ (၈) ရက်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဧပြီလ (၂၇) ရက်နေ့မှ မေလ (၇) ရက်အထိ ကြိုတင်စာရင်းသွင်းမှာယူနိုင်မည်ဖြစ်သည်။ OPPO F11 Pro Marvel’s Avengers Limited Edition ဖုန်းဝယ်ယူသူများသည် Avengers အမှတ်တံဆိပ်ပါ အင်္ကျီ၊ ဦးထုပ်နှင့် ဖုန်းကျောကပ် stand များကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်သည်။

ထို့အပြင် OPPO Myanmar သည် F11 Pro Marvel’s Avengers စမတ်ဖုန်းများဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သုံးလအခမဲ့ ခံစားခွင့်ရှိသော Telenor Star အစီအစဉ်ကို လက်ဆောင်ထည့်သွင်းပေးထားသည်။ OPPO Myanmar နှင့် Telenor Myanmar ၏ ပူးပေါင်းမှုအရ F11 Pro Avengers စမတ်ဖုန်းဝယ်ယူသူများအနေဖြင့် မေလ (၁) ရက်နေ့မှ ဇူလိုင်လ (၃၁) ရက်နေ့အထိ Outlet ၃၀၀ တွင် Discount များရရှိစေမည့် Telenor Star အစီအစဉ်ကို အလိုအလျောက် ခံစားခွင့်ရမည်ဖြစ်သည်။ ယင်းသုံးလပြီးနောက်တွင်လည်း Slot 1 ရှိ Telenor Sim Card ကို လစဉ် (၁၀,၀၀၀) ကျပ် ပုံမှန်ဖုန်းဘေလ်ဖြည့်သွင်းလျှင် Telenor Star ခံစားခွင့်ကို ဆက်လက်ရရှိနေမည်ဖြစ်သည်။

%d bloggers like this: