ခေါက်ချိုး စမတ်ဖုန်း Motorola Razr V4 ရဲ့ ဓါတ်ပုံများ ထွက်လာ

ခေါက်ချိုး စမတ်ဖုန်း Motorola Razr V4 ရဲ့ သတင်းများ ထွက်နေပါတယ်။ အခုလည်း သူ့ရဲ့ ဓါတ်ပုံများ ထွက်လာပါတယ်။ ဖုန်းနဲ့ အတူ သုံးထောင့် ဘူးခွံကိုလည်း မြင်ရပါတယ်။ ဘူးထဲမှာ Charging Dock , Power Adapter, USB Type-A to USB Type-C Cable , 3.5mm Dongle , Earbuds များ ပါလာမယ်လို့ သိရပါတယ်။

ဟိုးအရင်က ခေါက်ဖုန်းတွေ ပုံစံအတိုင်း Display ကို ဒေါင်လိုက် ချိုးချနိုင်မယ့် ဒီဇိုင်းဖြစ်တာ တွေ့ရပါတယ်။ ဒါပေမယ့် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါလာမှာပါ။ မတူညီတဲ့ ဒီဇိုင်းများနဲ့ ခေါက်ချိုး ဖုန်းများကို မြင်တွေ့ခဲ့ကြပြီးပါပြီ။ Razr ရဲ့ ဒီဇိုင်းကလည်း တစ်မျိုးကွဲထွက်နေပါတယ်။

မကြာခင်က ကြေညာခဲ့တဲ့ ခေါက်ချိုးဖုန်းများက စွမ်းရည်မြင့်များပါ။ ဒါပေမယ့် Razr မှာ Snapdragon 710 Chipset, 4/6GB RAM , 64/128GB Storage များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 2730mAh Battery သာ ပါမှာဖြစ်တဲ့ အတွက် ဘက်ထရီသက်တမ်း အားနည်းပေမယ့် ပေါ့ပါးမှာပါ။ ပင်မ မျက်နှာပြင်အကြီးဟာ ၆.၂ လက်မ ဖြစ်ပြီး 876x2142p Resolution ရှိပါတယ်။ အပြင်ဘက်မှာ မျက်နှာပြင်ငယ် အပိုပါပြီး 600×800 Resolution ဖြစ်ပါတယ်။ သူ့ရဲ့ အရွယ်အစားကို မသိရသေးပါဘူး။

အနက်၊ အဖြူနဲ့ ရွှေရောင်များ ထုတ်လုပ်ထားပါတယ်။ သူ့ရဲ့ လျှို့ဝှက် အမည်ဟာ Voyager ဖြစ်ပြီး ယခင်သတင်းများအရ ဒေါ်လာ ၁၅၀၀ လောက် တန်ကြေးရှိပါတယ်။ Galaxy Fold နဲ့ Huawei Mate X တို့ထက် ဈေးသက်သာမှာပါ။ သူ့ကို ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ ကင်မရာ ၁ လုံးသာ ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

ခေါက်ချိုး စမတ်ဖုန်း Motorola Razr V4 ရဲ့ ဓါတ်ပုံများ ထွက်လာ

%d bloggers like this: