၆ လကြာ ပင်လယ်ထဲ ပျောက်သွားပြီးမှ ပြန်ရှာတွေ့ခဲ့တဲ့ Apple Watch

ပင်လယ်လှိုင်းစီးသူ တစ်ဦးရဲ့ Apple Watch ဟာ လှိုင်းရိုက်ခတ်မှုကြောင့် ပင်လယ်ထဲ ပျောက်သွားရာကနေ ၆ လအကြာမှာ ပြန်ရှာတွေ့ခဲ့ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ် Huntington Beach မှာ လှိုင်းစီးနေကျဖြစ်တဲ့ Robert Bainter ဟာ သူ့ရဲ့ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာဖို့ Apple Watch ကို ဝတ်ဆင်လေ့ရှိပါတယ်။

တစ်နေ့မှာတော့ လှိုင်းစီးနေရင်း သူ့ရဲ့ စမတ်နာရီဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်မှာ သူက Lost Mode ကို Activate ပြုလုပ်ခဲ့ပါတယ်။ သူက Apple Watch အသစ်ကို ဝယ်ခဲ့ပါသေးတယ်။ ပျောက်ပြီး ၆ လအကြာမှာ ကမ်းခြေမှာ လမ်းလျှောက် နေသူ တစ်ဦးက စမတ်နာရီကို ကမ်းခြေမှာ တွေ့ခဲ့ပါတယ်။ ပျောက်ဆုံးသွားတဲ့ နေရာကနေ ၃ မိုင်အကွာမှာ တွေ့ခဲ့တာပါ။ စမတ်နာရီရဲ့ စကရင်မှ Contact Information များကို တွေ့ပြီး Bainter ကို ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

Bainter က “ ဒီ စမတ်နာရီက ကျွန်တော့်ရဲ့ လာဘ်ကောင်လေးပါ။ ပင်လယ်လှိုင်းစီးတဲ့ အမြန်နှုန်းနဲ့ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာဖို့ သူ့ကို အသုံးပြုခဲ့တာပါ။ လှိုင်းလုံးကြီး တစ်ခုကြောင့် ကျွတ်ပြီး ပျောက်သွားခဲ့တာပါ။ ကျွန်တော် တစ်နာရီလောက် အချိန်ယူပြီး ရှာခဲ့ပါသေးတယ်။ “ လို့ ပြောပါတယ်။ ဆားငန်ရေကြောင့် စကရင်က အနည်းငယ် ပျက်ဆီးသွားပေမယ့် အလုပ်ကောင်းကောင်းလုပ်ပါသေးတယ်။ Apps အားလုံးလည်း အလုပ်လုပ်ပါသေးတယ်။

Apple Watch အသစ်များဟာ ရေစိုခံစွမ်းရည် ပါကြပါတယ်။ အဟောင်းများမှာတော့ မပါပါဘူး။ ပထမမျိုးဆက် Apple Watch ဟာ ရေစိုခံပေမယ့် ရေအောက်ထဲကို ဝတ်သွားလို့ မရပါဘူး။ Series 2,3,4 များကတော့ ရေအနက် ၅၀ မီတာအထိ ဝတ်နိုင်ပါတယ်။

Ref : dailymail

၆ လကြာ ပင်လယ်ထဲ ပျောက်သွားပြီးမှ ပြန်ရှာတွေ့ခဲ့တဲ့ Apple Watch

%d bloggers like this: