Apple က Shock ရှိတဲ့ အတွက် Plug Adaptor တွေကို ပြန်သိမ်းနေပါတယ်။ တစ်ကမ္ဘာလုံးမှာ အဲဒီ Plug Adaptor များကြောင့် Shock ဖြစ်မှု ၆ ခု ရှိခဲ့တယ်လို့ သိရပါတယ်။ ဗြိတိန်၊ စင်ကာပူနဲ့ ဟောင်ကောင်မှာ ရောင်းချပေးခဲ့တဲ့ iOS နဲ့ Mac အချို့မှာ ထည့်ပေးထားတဲ့ AC Wall Plug Adaptors များမှာ ပြဿနာ ဖြစ်ပွားခဲ့တာပါ။
ပြဿနာ ဖြစ်ပွားတဲ့ ပလပ်များဟာ အဖြူရောင်ဖြစ်ပြီး အတွင်းပိုင်းမှာ စာများ ရေးသားထားခြင်း မရှိပါဘူး။ ၂၀၀၃ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် အကြားမှာ ရောင်းချခဲ့တဲ့ ပလပ်များ ဖြစ်ပါတယ်။ အဲဒီ ပလပ်များကို ရရှိထားသူများကို ဆက်ပြီး မသုံးဖို့ သတိပေးထားပါတယ်။ Apple Store မှာ လဲလှယ်နိုင်ပါတယ်။ Adaptor ရဲ့ အတွင်းပိုင်းကို စစ်ဆေးခြင်းဖြင့် သင့် ပစ္စည်းဟာ ပြဿနာရှိလားဆိုတာ စစ်ဆေးနိုင်ပါတယ်။ ပြဿနာ ဖြစ်ပွားတဲ့ ပစ္စည်းများရဲ့ အတွင်းပိုင်းမှာ စာများ မပါပါဘူး။
Apple ရဲ့ Support Page မှာ “ ကုမ္ပဏီရဲ့ AC Wall Plug Adaptors များဟာ ဒီလို Shock ဖြစ်တာ အလွန် ရှားပါးပါတယ်။ ပေါက်ပြဲပြီး ထွက်နေတဲ့ သတ္တု အစိတ်အပိုင်းများကို ထိမိရင် ဓါတ်လိုက်နိုင်ပါတယ်။ စားသုံးသူများရဲ့ ဘေးကင်းလုံခြုံရေးဟာ ကုမ္ပဏီရဲ့ ထိပ်တန်း ဦးစားပေး ကိစ္စပါ။ ပြဿနာ ရှိတဲ့ ပလက်များကို အခမဲ့ လဲလှယ်ပေးမှာပါ။ “ လို့ ရေးသားထားပါတယ်။
Apple က ထိခိုက်ဒဏ်ရာရသွားတဲ့ စားသုံးသူများအကြောင်းကိုတော့ မပြောပါဘူး။ အတွင်းပိုင်းမှာ အညိုရောင်ပါတဲ့ အဖြူရောင် ပလပ် အသစ်များမှာ ဒီပြဿနာ မရှိပါဘူး။ ပြဿနာ ရှိတဲ့ ပလပ်များကို လဲလှယ်ဖို့အတွက် Serial Number ကို ယူလာရမှာပါ။
Ref : dailymail
Shock ရှိတဲ့ အတွက် Plug Adaptor တွေကို ပြန်သိမ်းနေတဲ့ Apple