ချက် ကုမ္ပဏီက မောင်းသူမဲ့ အီလက်ထရစ် လေယာဉ်ကို တီထွင်နေ

နာမည်ကျော် လေယာဉ်ထုတ်လုပ်သူများ ဖြစ်တဲ့ Airbus နဲ့ Boeing တို့က ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားတဲ့ မောင်းသူမဲ့ လေယာဉ်များကို တီထွင်နေကြပါတယ်။ မောင်းသူမဲ့ လေယာဉ်များဟာ လေယာဉ်မှူးများနဲ့ ဝန်ထမ်း ကုန်ကျစားရိတ်များကို သက်သာစေပါတယ်။ အခုတော့ အွန်လိုင်း ခရီးသွား အေဂျင်စီ Kiwi.com နဲ့ ချက်နိုင်ငံမှ လေကြောင်း နည်းပညာ ကုမ္ပဏီ Zuri တို့ ပူးပေါင်းပြီး မောင်းသူမဲ့ လေယာဉ်ကို တီထွင်နေပါတယ်။

အရွယ်သေး လေယာဉ်ဖြစ်ပြီး ခရီးသည် လေးဦး လိုက်ပါ စီးနင်းနိုင်ပါတယ်။ အီလက်ထရစ်စွမ်းအင်ကို အသုံးပြုပြီး ပျံသန်းမှာ ဖြစ်ပါတယ်။ သူဟာ ဒရုန်းများလို မြေပြင်မှ ဝေဟင်၊ ဝေဟင်မှ မြေပြင်သို့ ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ ဒေါင်လိုက်ပျံတက်၊ ဆင်းသက်နိုင်တဲ့ အတွက် လေယာဉ်ပြေးလမ်းလည်း မလိုအပ်ပါဘူး။ သူဟာ ဟယ်လီကော်ပတာနဲ့ လေယာဉ်များရဲ့ အားသာချက်များကို ရယူ တည်ဆောက်ထားတာပါ။

ဖန်တီးသူများက အဲဒီ လေယာဉ်ဟာ ၄၃၄ မိုင် မောင်းနှင်နိုင်မယ်လို့ ပြောပါတယ်။ လန်ဒန်ကနေ ဂျာမနီကို သွားနိုင်မယ့် ခရီး အကွာအဝေး ဖြစ်ပါတယ်။ လေယာဉ်တောင်ပံများဟာ ၃၆ ပေ အရှည် ရှိပြီး ၉၀၀ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ Zuri က အဲဒီ လေယာဉ်ဟာ ကျွန်းများအကြားမှာ သွားလာဖို့ အသုံးဝင်မယ်လို့ ပြောပါတယ်။ ကျွန်းများအကြားသွားလာရာမှာ မော်တော်ဘုတ်များလည်း မလိုအပ်တော့ပါဘူး။

Ref : dailymail

ချက် ကုမ္ပဏီက မောင်းသူမဲ့ အီလက်ထရစ် လေယာဉ်ကို တီထွင်နေ

%d bloggers like this: