Disney ရဲ့ နောက်ဆုံးထုတ် ရုပ်ရှင်ကတော့ Box Office မှာ စံချိန်တင်သွားပါတယ်။ စတင် ရုံတင်တဲ့ စနေ၊ တနင်္ဂနွေမှာ တစ်ကမ္ဘာလုံးတွင် ဝင်ငွေ ၁.၂ ဘီလီယမ် ရသွားပါတယ်။ သူဟာ Marvel Cinematic Universe ရဲ့ ၈ ခုမြောက် ရုပ်ရှင် ဖြစ်ပြီး ဘီလီယမ်နဲ့ချီပြီး ဝင်ငွေကောင်းသွားပါတယ်။ အဲဒီ ဝင်ငွေ ပမာဏကို အမြန်ဆုံးရသွားတဲ့ ရုပ်ရှင်အဖြစ်လည်း စံချိန်တင်သွားပါတယ်။
စတင် ရုံတင်တဲ့ နေ့မှာ ဝင်ငွေ အများဆုံး ရထားတဲ့ ၂၀၁၅ ခုနှစ်ထွက် The Force Awakens ကိုလည်း Avengers: Endgame က ကျော်တက်သွားပါတယ်။ သူ့ရဲ့ ပထမဆုံးရက် ဝင်ငွေဟာ ဒေါ်လာ ၃၀၅ သန်း ဖြစ်ပါတယ်။ ဒါဟာ တစ်ကမ္ဘာလုံးက ဝင်ငွေ ဖြစ်ပါတယ်။ အမေရိကန် တစ်နိုင်ငံထဲမှာ ဒေါ်လာ သန်း ၆၀ ရသွားပါတယ်။ စနေ၊ တနင်္ဂနွေ ၂ ရက်မှာ အမေရိကန်တွင် ဒေါ်လာ သန်း ၃၀၀ ရသွားပါတယ်။
Avengers : Endgame ဟာ တရုတ်မှာလည်း ဝင်ငွေ ကောင်းခဲ့ပါတယ်။ ပထမဆုံး ရုံတင်တဲ့ စနေ၊ တနင်္ဂနွေ ၂ ရက်မှာ ဒေါ်လာ ၃၂၉ သန်း ရရှိသွားပါတယ်။ ဒီလ အစောပိုင်းမှာ ရုံတင်ခဲ့တဲ့ Captain Marvel ကလည်း ဝင်ငွေ အရမ်းကို ကောင်းခဲ့ပါတယ်။
Marvel ရဲ့ စူပါဟီးရိုး ရုပ်ရှင် ဇာတ်ကားများဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က Iron Man နဲ့ စတင် ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ စူပါ ဟီးရိုး ရုပ်ရှင်များကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Marvel Studios ရဲ့ အကြီးအကဲ ဖြစ်သူ Kevin Feige က စူပါ ဟီးရိုး ရုပ်ရှင်ပေါင်း အနည်းဆုံး ၂၀ ရိုက်ကူးမယ်လို့ ပြောထားပါတယ်။
Ref : theverge
စတင် ရုံတင်တဲ့ စနေ၊ တနင်္ဂနွေမှာ ဝင်ငွေ ၁.၂ ဘီလီယမ် ရသွားတဲ့ Avengers:Endgame