ဆရာဝန်တွေထက် ရောဂါရှာဖွေရေးမှာ ပိုတော်တဲ့ AI

ဉာဏ်ရည်တု နည်းပညာက တရုတ်မှ ထိပ်တန်းဆရာဝန်များကို ရောဂါရှာဖွေရေး အပိုင်းမှာ အနိုင်ယူလိုက်ပါတယ်။ ဆင်ဟွာရဲ့ သတင်းအရ AI ဟာ တရုတ် ထိပ်တန်း ဆရာဝန် ၁၅ ဦးပါတဲ့ အဖွဲ့ကို အနိုင်ယူလိုက်ပါတယ်။ AI ရဲ့ အမည်ကို BioMind လို့ ပေးထားပြီး Beijing Tiantan Hospital မှ Artificial Intelligence Research Centre for Neurological Disorders ဌာနက တီထွင်ထားတာ ဖြစ်ပါတယ်။

ဦးနှောက်အကြိတ် ရောဂါကို ရှာဖွေတဲ့အခါမှာ BioMind ဟာ ၈၇ ရာခိုင်နှုန်း မှန်ကန်ခဲ့ပါတယ်။ ဆရာဝန်များကတော့ ၆၆ ရာခိုင်နှုန်းသာ မှန်ကန်ခဲ့ပါတယ်။ AI က ရောဂါရှာဖွေမှုပေါင်း ၂၂၅ ခုကို ပြုလုပ်တဲ့အခါမှာ ၁၅ မိနစ်သာ ကြာမြင့်ခဲ့ပါတယ်။ ဆရာဝန်များကတော့ မိနစ် ၃၀ ကြာမြင့်ခဲ့ပါတယ်။

ဦးနှောက် သွေးကြောပိတ်ခြင်းကို ကြိုတင် ဟောကိန်းထုတ်တဲ့အခါမှာ AI ကပဲ အနိုင်ရခဲ့ပါတယ်။ သူဟာ ၈၃ ရာခိုင်နှုန်း မှန်ကန်ခဲ့ပြီး ဆရာဝန်များက ၆၃ ရာခိုင်နှုန်းသာ မှန်ကန်ခဲ့ပါတယ်။ သုတေသနပညာရှင်များက Beijing Tiantan Hospital ရဲ့ Database များဖြင့် AI ကို လေ့ကျင့်ပေးခဲ့တာ ဖြစ်ပါတယ်။ AI ဟာ ဦးနှောက်နဲ့ အာရုံကြော ရောဂါများကို အထူးကု ဆရာဝန်များလို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပြီး ၉၀ ရာခိုင်နှုန်း မှန်ကန်ခဲ့ပါတယ်။

Beijing Tiantan Hospital မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Wang Yongjun က ဒီပြိုင်ပွဲကို ပြုလုပ်ပေးခြင်းဟာ ဆရာဝန်များ ဉာဏ်ရည်တု နည်းပညာရဲ့ စွမ်းအားကို သိနိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

Ref : tnw

ဆရာဝန်တွေထက် ရောဂါရှာဖွေရေးမှာ ပိုတော်တဲ့ AI

%d bloggers like this: