Android ရဲ့ အသုံးဝင် လုပ်ဆောင်ချက် (၆) ခု

စမတ်ဖုန်းများဟာ စွမ်းရည်မြင့်မားလာတဲ့အတွက် အိတ်ဆောင် ကွန်ပြူတာငယ်လေးလိုတောင် အသုံးပြုနိုင်ကြပါပြီ။ စမတ်ဖုန်းများမှာ စွမ်းဆောင်ချက် များစွာ ပါတဲ့အတွက် လျှို့ဝှက်နက်နဲတဲ့ စွမ်းဆောင်ချက် အချို့ကိုတော့ လူသိပ်မသိကြပါဘူး။

ဘက်ထရီ ချွေတာပါ။

ဘက်ထရီ သက်သာစေဖို့ စမတ်ဖုန်းများမှာ Screen Brightness ကို လျှော့ချ အသုံးပြုကြပါတယ်။ ဒါပေမယ့် နောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ရိုးရှင်းပြီး အနက်ရောင်ရှိတဲ့ Background Wallpaper ကို အသုံးပြုခြင်း ဖြစ်ပါတယ်။

စမတ်ဖုန်းကို အသံထွက် စာဖတ်ခိုင်းပါ။

Android မှာ သင့် ပါးစပ်က ပြောလိုက်တာနဲ့ စာရေးသားပေးတဲ့ Speech-to-text စွမ်းဆောင်ချက်ပါပါတယ်။ ဒါ့အပြင် Android မှာ စာသားများကို အသံထွက် ဖတ်ပြပေးတဲ့ Text-to-speech စွမ်းဆောင်ချက်လည်း ပါပါတယ်။ Settings> Accessibility> Text-to-speech မှာ Activate လုပ်ပါ။

ဖုန်းရဲ့ တည်နေရာကို မြေပုံမှာ ခြေရာခံပါ။

သင့် ဖုန်းပျောက်သွားရင် မြေပုံပေါ်မှာ ခြေရာခံနိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်း Android မှာ ထည့်သွင်းပေးထားပါတယ်။ ဒီလို ခြေရာခံနိုင်ဖို့ ဖုန်း မပျောက်ခင်မှာ Settings>Security>Device Administrators ထဲသွားပါ။ Android Device Manager >Remotely locate this device နဲ့ Allow remote lock and erase တို့ကို Enable လုပ်ပါ။ သင့်ဖုန်း ပျောက်သွားရင် Android Device Manager ဝက်ဆိုက်ကိုသွားပြီး သင့်ဖုန်းကို မြေပုံပေါ်မှာ ခြေရာခံခြင်း၊ ဖုန်းမှ ဒေတာများကို ဖျက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။

Guest Mode ကို သုံးပါ။

Android Device များမှာ Guest Mode ထည့်သွင်းပေးထားပြီး သင့်ဖုန်းကို အခြားလူများ ယူကိုင်တဲ့အခါမှာ သင့်ရဲ့ Messages, Photos နဲ့ အခြားအရာများကို လုံခြုံစေပါတယ်။ Notification Bar ကို လက်နှစ်ချောင်းဖြင့် ဆွဲချပြီး ညာဘက်မှ User Icon ကို နှိပ်ပါ။ Add Guest Icon ကို နှိပ်ပြီး Guest User ကို အသုံးပြုခွင့်ပေးချင်တဲ့ အရာများကို သတ်မှတ်ပါ။

စာသားနဲ့ အိုုင်ကွန်များကို ပုံကြီးချဲ့ကြည့်ပါ။

စမတ်ဖုန်းများရဲ့ စကရင်ဟာ သေးငယ်တဲ့အတွက် စာသားများကို ကောင်းမွန်စွာ ဖတ်လို့ မရတဲ့ အခက်အခဲ ရှိတတ်ပါတယ်။ အဲဒီအတွက် စာသားနဲ့ အိုင်ကွန်များကို ပုံကြီးချဲ့ကြည့်နိုင်တဲ့ စွမ်းဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်။ Settings>Accessibility>Magnification Gestures ထဲမှာ ဒီ စွမ်းဆောင်ချက်ကို Activate လုပ်ပြီးရင်တော့ စကရင်ကို နှိပ်လိုက်တာနဲ့ စာသားများကို အကြီးချဲ့ပြသပေးမှာပါ။

သင့် ဖုန်းမှ အင်တာနက်ကို အခြား Device များအား မျှဝေပါ။

သင့် ဖုန်းမှ အင်တာနက်ကို အခြား Device များအတွက် မျှဝေနိုင်တဲ့ စွမ်းဆောင်ချက်ကို Android မှာ ထည့်သွင်းပေးထားပါတယ်။ Notification Bar> Quick Settings ထဲမှ Hotspot Icon ကို Enable လုပ်၍ သင့် ဖုန်း အင်တာနက်ကို အခြား Device များအတွက် မျှဝေနိုင်ပါတယ်။

ref : fewunknownfacts

Android ရဲ့ အသုံးဝင် လုပ်ဆောင်ချက် (၆) ခု

%d bloggers like this: