ည အိပ်ယာဝင် ပုံပြင်များကို ပြောပြနိုင်ပြီ ဖြစ်တဲ့ Google Assistant

Google Home Smart Speaker များမှာ ပါတဲ့ Google Assistant က ည အိပ်ယာဝင်ပုံပြင်များကို ပြောပြပေးနိုင်ပါတယ်။ အခုတော့ အဲဒီ လုပ်ဆောင်ချက်ကို အန်းဒရွိုက် ဖုန်းတိုင်းမှ Google Assistant မှာ ထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ၊ ဗြိတိန်နဲ့ အမေရိကန်မှာ နေထိုင်သူများသာ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။

Android အပြင် iOS မှာပါ အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာ Google Assistant နဲ့ နောက်ဆုံးထုတ် Google Play Books App များ ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ “Hey Google, tell me a story,” သို့မဟုတ် “Hey Google, tell me a bedtime story.” လို့ ပါးစပ်ကနေ အမိန့်ပေးလိုက်တာနဲ့ အိုကေပါပြီ။ ပုံပြင်များဟာ ၃ မိနစ်ကနေ ၁၀ မိနစ်လောက် ရှည်ကြပါတယ်။ အင်္ဂလိပ်လိုသာ ပြောပြပေးနိုင်သေးတာ ဖြစ်ပါတယ်။

နာမည်ကျော် အီစွပ်နဲ့ Brothers Grimm တို့ရဲ့ ပုံပြင်များကို သူက ဖတ်ပြနိုင်ပါတယ်။ ဒါ့အပြင် “Blaze and the Monster Machines,” “Dora the Explorer,” နဲ့ “Teenage Mutant Ninja Turtles.” တို့လည်း ပါဝင်ကြပါတယ်။ ပုံပြင်များကို ကျပန်း ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက် ညတိုင်း ကလေးငယ်များအား အိပ်ယာဝင် ပုံပြင် ပြောပြနေရတဲ့ မိဘများအတွက်လည်း အလုပ်ရှုပ်သက်သာစေမှာ ဖြစ်ပါတယ်။

Ref : androidpolice

ည အိပ်ယာဝင် ပုံပြင်များကို ပြောပြနိုင်ပြီ ဖြစ်တဲ့ Google Assistant

%d bloggers like this: