Pressure Cooker ပေါက်ကွဲပြီး ကလေးငယ်ကို ဒဏ်ရာရစေခဲ့လို့ တရားစွဲခံလိုက်ရတဲ့ Instant Pot

Instant Pot ရဲ့ အီလက်ထရစ် Pressure Cooker များဟာ အနောက်နိုင်ငံများမှာ အရမ်းကို နာမည်ကြီးပါတယ်။ Pressure Cooker များက ဟင်းချက်ရာမှာလည်း အလွန်ကို မြန်စေပါတယ်။ ဒါပေမယ့်လည်း ပေါင်းအိုးများဟာ အခန့်မသင့်ရင် ပေါက်ကွဲတတ်ပါတယ်။ အခုတော့ Pressure Cooker ပေါက်ကွဲပြီး ကလေးငယ်ကို ဒဏ်ရာရစေခဲ့လို့ မိသားစု တစ်ခုက Instant Pot ကို တရားစွဲလိုက်ပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလမှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဒဏ်ရာရသွားသူက အသက် ၉ နှစ်အရွယ် ကာရိုလိုင်း ဖြစ်ပါတယ်။ သူမရဲ့ ပုခုံး၊ လက်မောင်း၊ ရင်ဘတ်များမှာ အပူလောင်မှုများ ဖြစ်ခဲ့တာပါ။ ပေါင်းအိုး ပေါက်ကွဲချိန်မှာ သူမဟာ အနီးအနားမှာ ရှိနေခဲ့တာပါ။ သူတို့ မိသားစု အသုံးပြုတဲ့ ပေါင်းအိုး မော်ဒယ်က Instant Pot DUO60 V2 ဖြစ်ပါတယ်။

အပူလောင်မှု ဒီဂရီဟာ အဆင့် ၃ ရှိပြီး ကလေးငယ် ခန္တာကိုယ်ရဲ့ ၁၆ ရာခိုင်နှုန်းဟာ အပူလောင်သွားခဲ့တာပါ။ သူမဟာ အခုဆိုရင် ပူတဲ့ အရာများနဲ့ မီးဖိုချောင်သုံး ပစ္စည်းများကို မကိုင်၊ မထိ ရဲလောက်အောင် စိတ်ဒဏ်ရာလည်း ရသွားခဲ့ပါတယ်။ တရားလိုရဲ့ ရှေ့နေ Ken Moll က “ ကုမ္ပဏီရဲ့ ထုတ်ကုန်များမှာ ပြဿနာများ ရှိနေတယ်ဆိုတာ အကြိမ်ကြိမ် သတိပေးခြင်း ခံထားရပါတယ်။ ကာရိုလိုင်း ခံစားခဲ့ရသလို အခြား လူတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ ချိန်ကိုက်ဗုံးတစ်လုံးလိုပါပဲ။ သူတို့ရဲ့ ပေါင်းအိုးများ ပေါက်ကွဲမှုဖြစ်ပွားသွားတဲ့ ဖြစ်ရပ်များစွာကို စုံစမ်းထားပါတယ်။ “ လို့ ပြောပါတယ်။

Ref : kdvr

Pressure Cooker ပေါက်ကွဲပြီး ကလေးငယ်ကို ဒဏ်ရာရစေခဲ့လို့ တရားစွဲခံလိုက်ရတဲ့ Instant Pot

%d bloggers like this: